Sunday, January 22, 2017

ဘုရားသခင်နှင့်စာတန်တံဆိပ်အပြီးစာတန်၏ငယ်သားတွေအတွက် ဘေးဒါဏ် (၇)ပါး

ဘုရားသခင်နှင့်စာတန်တံဆိပ်အပြီးစာတန်၏ငယ်သားတွေအတွက် ဘေးဒါဏ် (၇)ပါး

၁။ ဆိုးသောအနာစိမ်း - ဗျာ ၁၆း၂
 ပဌမသူသည် သွား၍မိမိဖလားကို မြေကြီးပေါ်သို့သွန်းလောင်းလျှင်၊ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍ သူ၏ရုပ်တုကို ကိုးကွယ်သောလူတို့၌ အလွန်ဆိုးသောအနာစိမ်း ပေါက်လေ၏။

၂။ ပင်လယ်ရေအသွေးဖြစ်မယ် - ဗျာ ၁၆း၃
ဒုတိယကောင်း ကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏အသွေးကဲ့ သို့သော အသွေးဖြစ်၏။ ပင်လယ်၌သက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။

၃။ စမ်းရေအသွေးဖြစ်မယ် - ဗျာ ၁၆း၎-၇
 တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ ၎င်း၊ စမ်းရေတွင်းပေါ်သို့၎င်း သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေးဖြစ်ကြ၏။
 ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဉ်ရှိတော်မူသော အရှင်၊ ကိုယ်တော် သည် ဤသို့တရားစီရင်တော်မူသည် အမှုမှာ ဖြောင့်မတ်တော်မူ၏။
 ထိုသူတို့သည် သန့်ရှင်းသူတို့၏အသွေး၊ ပရောဖက်တို့၏အသွေးကို သွန်းလောင်း ကြသည်ဖြစ်၍၊ သူတို့အားအသွေးကို တိုက်တော်မူပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။
 ယဇ်ပုလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်စီရင်တော် မူခြင်းအရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ၏ဟု လျှောက်ဆိုသောအသံကို ငါကြား၏။

၎။ နေလအပူရှိန်ပြင်းမယ် - ဗျာ ၁၆း၈-၉
 စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင် ရသောအခွင့်ကိုရ၏။
 ပူအားကြီးသော အရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ၍၊ ထိုဘေး ဒဏ်တို့ကို အစိုးပိုင် တော်မူသော ဘုရားသခင်၏နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်း အလိုငှါ နောင်တမရကြ။

၅။ မှောင်မိုက်ဖြစ်မယ် - ဗျာ ၁၆း၁၀-၁၁
၁၀ ပဉ္စမ ကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ပလ္လင်ပေါ်သို့ သွန်းလောင်း လျှင်၊ သူ၏နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။
၁၁ မိမိတို့ခံရသောဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ။

၆။ မြစ်ရေခန်းခြောက်မယ် - ဗျာ ၁၆း၁၂-၁၆
၁၂ ဆဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာ ဘုရင်တို့သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခမ်းခြောက်လေ၏။
၁၃ ထိုအခါ၊ နဂါ၏ခံတွင်းထဲက ၎င်း၊ သားရဲ၏ခံတွင်းထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်းထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်သည်ကို ငါမြင်၏။
၁၄ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး၏ဝိညာဉ် ဖြစ်သတည်း။ ထိုဝိညာဉ်တို့သည် လောကီတနိုင်ငံလုံးတွင် ရှိသောရှင်ဘုရင်တို့ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ နေ့ကြီး၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးကြ၏။
၁၅ ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေ ကြ၏။
၁၆ အသံတော်ကား၊ သူခိုးကဲ့သို့ငါလာ၏။ အဝတ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာအကြောင်းမရှိစေခြင်းငှါ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကိုစောင့်သောသူသည် မင်္ဂလာရှိ၏။

၇။ မိုသီးအချိန်အခွက် ၁၀ ကျမယ် - ဗျာ ၁၆း၁၇-၂၁
၁၇ သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကာသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီးပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော်၌ရှိသော ပလ္လင်တော်ထဲကထွက်၏။
၁၈ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသောမြေလှုပ်ခြင်းဖြစ်ကြ၏ မြေကြီးအပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ၍ ထိုသို့သောလက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသောမြေလှုပ်ခြင်းသည် မဖြစ်စဖူး။
၁၉ မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသောမြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာ သောဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကိုတိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။
၂၀ အချိန်အခွက်တဆယ် ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ၏။
၂၁ ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။