Sunday, February 5, 2017

ဘုရားက စာတန်ခေါ် သားရဲကို ကိုက်စားစေချင်သောလူအုပ်စု၏ အသွင်(၁၂)မျိုး

၁။  ဘုရားကသီးသန့်ခွဲ၍ ဆုံးရှူံးစေသော လူစု- ဟေရှာ ၅၆း၈-၉

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆    အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကိုစုဝေးသော အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသောသူတို့ကို ထိုအစုအဝေး၌ ငါစုဝေးဦးမည်ဟု မိန့်တော်မူ၏။
 အိုလယ်ပြင်သား အပေါင်းနှင့်တော၌လည်သောသားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှာလာကြလော့။

၂။  ကင်းစောင့်များမျက်စိကန်းသောလူစု-  ဟေရှာ ၅၆း၁၀
၃။  လူမိုက်အုပ်စုဖြစ်-  ဟေရှာ ၅၆း၁၀
၎။  လူများသည်မဟောင်နိုင်သော ခွေးကဲသို့ဖြစ်သောလူစု-  ဟေရှာ ၅၆း၁၀
၅။  လူများသည်ယောင်ယမ်းသော ခွေးကဲသို့ဖြစ်သောလူစု-  ဟေရှာ ၅၆း၁၀
၆။  လူများသည်အိပ်ချင်အားကြီးသော  ခွေးကဲသို့ဖြစ်သောလူစု-  ဟေရှာ ၅၆း၁၀

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆  ၁၀ သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင် အားကြီးသောခွေးဖြစ်ကြ၏။

၇။   လူများသည် စားချင်အားကြီး၍ဗိုက်မပြည့်နိုင်သော ခွေးကဲသို့ဖြစ်သောလူစု-  ဟေရှာ ၅၆း၁၁
၈။  သိုးထိန်းခေါ် ဆရာများသည်လည်း သိုးများခေါ် အသင်းသူအသင်းသားကိုမကြည့်နိုင်သော လူစု-  ဟေရှာ ၅၆း၁၁
၉။  သိုးထိန်းခေါ် ဆရာများသည်လည်း လမ်းလွဲသော ဆရာများဖြစ်-  ဟေရှာ ၅၆း၁၁
၁၀။  သိုးထိန်းခေါ် ဆရာများသည်လည်း ကိုယ့်အကျိုးစီးပွါးကိုရှာ၍အမှန်ကိုမပြောသော ဆရာများဖြစ်-  ဟေရှာ ၅၆း၁၁

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆   ၁၁ စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သောခွေးလည်းဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းလိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီ တညွတ်တည်း ကိုယ်အကျိုးစီးပွားကိုသာရှာကြ၏။

၁၁။  သိုးထိန်းခေါ် ဆရာများသည် သေရည်သေရက် ခေါ် အမှားလမ်းကို သွန်သင်သော ဆရာများဖြစ်-  ဟေရှာ ၅၆း၁၂
၁၂။  သိုးထိန်းခေါ် ဆရာများသည်လည်း ငါ့နောက်လိုက်လျှင် ထါဝရအသက်ရမည်ဟုမှားယွင်းစွာ သွန်သင်သော ဆရာများဖြစ်-  ဟေရှာ ၅၆း၁၂

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆   ၁၂ လာကြ။ စပျစ်ရည်ကိုယူခဲ့ကြလော့။ သေရည်သေရက်ကိုဝစွာ သောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟု ဆိုတတ်ကြ၏။