က ၃း၁-၆၊ မ ၄း၁-၁၀၊ ယောဘ ၁း၆-၂၂၊ ယေဘ၂း၁-၁၃၊ ၂ယော ၁း၇
၁ယော၂း၁၈-၂၅၊ ၁ယော၂း၂၂-၂၃၊
ကမ္ဘာဦးကျမ်း အခန်းကြီး ၃ ၁ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
၂ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
၃ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
၎ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
၅ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
၆ ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄ ၁ ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
၂ ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
၃ ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
၎ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည်ဟုပြန်ပြောတော်မူ၏။
၅ ထိုအခါမာရ်နတ်သည် ယေရှုကိုသန့်ရှင်းသောမြို့တော်သို့ဆောင်သွား၍ ဗိမာန်တော်၏အထွဋိ၌ တင်ထား ပြီးလျှင်၊
၆ ကျမ်းစာလာသည်ကား၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည် ဟု လာ၏။ ထိုကြောင့်ဘုရားသခင် ၏သားတော်မှန်လျှင် ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါဟု လျှောက်လေ၏။
၇ ယေရှုကလည်း သင်၏ဘုရား သခင်ထာဝရဘုရားကို သင်သည်အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။
၈ တဖန် မာရ်နတ်သည်ယေရှုကို အလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်၍၊ ဤလောက၌ ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း၊ ထိုတိုင်းနိုင်ငံတို့၏ဘုန်းစည်းစိမ်ကို၎င်း ပြညွန်၍၊
၉ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏။
၁၀ ယေရှုကလည်း အချင်း စာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကို သာဝတ်ပြုရမည် ကျမ်းစာလာသည် ဟု မိန့်တော် မူ၏။
၂။ ဘုရားကဲသို့ကြီးစွာသောစကါးပြောပြီး မကောင်းမှုဒုစရိုက်အားလံးလုပ်မယ်
ဒံ၇း၂၅၊ လု၁၆း၁၆-၁၇၊ ၂သက်၂း၎၊ ၂ကော ၁၁း၁၃-၁၄၊ ဗျာ ၁၃း၁၃-၁၄
ဗျာ၂၂း၁၈-၁၉၊ ဟေရှ ၁၄း၁၁-၁၄၊ ၂သက် ၂း၃-၁၂၊ လု ၁၆း၁၆-၁၇၊ မ၁၅း၁၆
မ ၅း၁၇၊ ယေဇ ၁၃း၁-၁၁
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ ၂၅ အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။
၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။
ဗျာ ၁၃း၁၅-၁၈
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ၁၅ သားရဲ၏ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့်၊ မိမိကိုမကိုးကွယ်သောသူ ရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုတ်တု၌ အသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏။
၁၆ ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊
၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။
၁၈ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။
၎။ စုံစမ်း၍မရသောသူများ (ခရစ်တော်ကိုယုံ၍ပညတ်တော်စောင့်သူများ)ကိုစစ်
တိုက်မယ်
ဗျာ ၁၂း၁၇၊ ဗျာ ၁၉း၁၀၊ ဗျာ ၂၀း၇-၁၀
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ ဗျာဒိတ်ကျမ်း အခန်းကြီး၁၉ ၁၀ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀
၇ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍၊
၈ အရေအတွက် အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ၊ မာဂေါဂတည်းဟူသော မြေကြီးလေးမျက်နှာပေါ်မှာ နေသောလူအမျိုးမျိုး တို့ကို လှည့်ဖြားအံ့သောငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှါ၎င်း တက်လိမ့်မည်။
၉ ထိုသူများတို့သည် မြေကြီး မျက်နှာပေါ်သို့တက်၍၊ သန့်ရှင်းသူတို့၏တပ်ကို၎င်း၊ ချစ်ဘွယ်သောမြို့ တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့် အထံတော်၊ ကောင်းကင်မှမီးကျ၍ သူတို့ကိုမျိုလေ၏။
၁၀ သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။