၁။ အချင်းချင်းချစ်လော (ဝါ) ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်လော (အသစ် မဟုတ်သောအသစ်)
ယော ၁၃း၃၄-၃၅၊ ယော ၁၅း၁၇၊ မာကု ၁၂း၂၉း၃၁၊၁ယော ၃း၂၃၊ရောမ ၁၃း၈-၁၀
ရောမသြဝါဒစာ အခန်းကြီး ၁၃ ၈ အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
၉ အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။
၁၀ ချစ်ခြင်းမေတ္တာရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုမဖျက်ဆီးတတ်။ ထိုကြောင့်၊ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာ ဖြစ်သတည်း။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ ၃၄ သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။
၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်း တို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
၂။ ယစ်ပူဇော်ခြင်းမှ ခရစ်တော်အသေခံ (ပဋိညာဉ်အသစ်)
ဟေဗြဲ ၈း၆-၁၃၊ ဟေဗြဲ ၉း၁-၂၈၊
ဟေဗြဲသြဝါဒစာ အခန်းကြီး ၈ ၆ ထိုမှတပါး၊ ယေရှုသည် သာ၍မြတ်သောဂတိတော်တို့၌ တည်သော၊ သာ၍မြတ်သောပဋိညာဉ်တရား၏ အာမခံဖြစ်သည်နှင့်အညီ၊ သာ၍မြတ်သောဝတ်ပြုခြင်းအခွင့်အရာကို ရတော်မူ၏။
၇ ပဌမပဋိညာဉ်တရားသည် အပြစ် တင်ခွင့်မရှိသည်မှန်လျှင်၊ ဒုတိယပဋိညာဉ်တရားတည်ရသောအခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။
၈ ပဌမပဋိညာဉ် တရားကိုထာဝရဘုရားသည်အပြစ်တင်၍ မိန့်တော်မူသည်ကား၊
၉ ငါသည်ဤလူမျိုး၏ ဘိုးဘေး တို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ် တရားသစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသောပဋိညာဉ် တရား၌ သူတို့သည်မတည်ကြ။ ငါသည်လည်းသူတို့ကို မကြည့်ရှုမပြုစုဘဲနေ၏။
၁၀ နောင်ကာလအခါ ဣသရေလ အမျိုးသားတို့၌ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်ဝိညာဉ် ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည်သူတို့၏ ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်။
၁၁ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကိုတယောက် ဆုံးမသြဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူတိုင်အောင် ထိုသူ အပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။
၁၂ ထိုအခါ ငါသည်သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၃ ပဋိညာဉ်တရားသစ်ဟူ၍ မိန့်တော် မူသည်တွင် ပဌမပဋိညာဉ်တရားကို ဟောင်းစေတော်မူ၏။ ရွေ့လျော့၍ ဟောင်းသော အရာမည်သည်ကား၊ ကွယ်ပျောက်ခြင်းသို့ ရောက်လုနီး သတည်း။ ဟေဗြဲသြဝါဒစာ အခန်းကြီး ၉ ၁ တနည်းကား၊ ပဌမပဋိညာဉ်တရားသည် ဝတ်ပြုရာစီရင်ချက်နှင့်၎င်း၊ လောကီသန့်ရှင်းရာ ဌာနတော်နှင့်၎င်း စပ်ဆိုင်၏။
၂ အဘယ်သို့နည်းဟူမူကား၊ ဟဂျာဟု ခေါ်ဝေါ်သော ပဌမတဲတော်သည်၊ ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင်လျက်ရှိ၏၊
၃ ဒုတိယကုလားကာအတွင်း၌၊ ဟဂျာဟဂျုန်ဟု ခေါ်ဝေါ်သော တဲတော်ရှိ၏။
၎ ထိုတဲတော်၌ ရွှေလင်ပန်း နှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နကိုထားသောရွှေအိုး၊ အပွင့်ပွင့်အာရုန်၏ လှံတံ၊ ပဋိညာဉ်တရားကိုရေးထားသော ကျောက်ပြားတို့သည် ရှိကြ၏။
၅ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသောခေရုဗိမ်တို့သည် အပြစ်ဖြေရာ ပလ္လင်ကိုလွှမ်းမိုးလျက်ရှိကြ၏။ ထိုအရာ များကို ယခုသေချာစွာ ပြောစရာအကြောင်းမရှိ၊
၆ ထိုသို့ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက်ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲ တော်အတွင်းသို့အစဉ်ဝင်ရကြ၏။
၇ ဒုတိယတဲတော်အတွင်းသို့ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာ မိမိအပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ ပူဇော်သောအသွေးကိုဆောင်၍ တနှစ်လျှင် တခါတည်းသာ ဝင်ရ၏။
၈ ပဌမတဲတော် မပျက်မှီတိုင်အောင်၊ သန့်ရှင်းရာဌာနသို့သွားသောလမ်းမဖွင့်သေးသောအကြောင်းကို ထိုအမှုအရာအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည်အရိပ်ပေးတော်မူ၏။
၉ ထိုတဲတော်ကား၊ ပူဇော်သက္ကာနှင့် ယဇ်များကို ပူဇော်သော ကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့် ယဇ်များတို့သည် ကိုယ်ကိုကိုယ် သိသောစိတ်ကိုထောက်လျှင်လည်း၊ ဝတ်ပြုသောသူအားစုံလင်ခြင်းအကျိုးကို မပေးနိုင်သည်ဖြစ်၍၊
၁၀ စားစရာ၊ သောက်စရာ၊ အမျိုးမျိုးသောနှစ်စရာတည်းဟူသော၊ ကိုယ်ခန္ဓွာနှင့် ဆိုင်သောအထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင် ခြင်းကာလတိုင်ရုံမျှသာတည်ရကြ၏။
၁၁ ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သောတဲတော်၌၊ နောက်မင်္ဂ လာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊
၁၂ ငါတို့အဘို့ထာဝရ ရွေးနှုတ်ခြင်း ကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့် မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာနထဲသို့ တခါတည်းဝင်တော်မူ၏။
၁၃ အကြောင်းမူကား၊ အညစ်အကြေးရှိသောသူတို့အပေါ်၌ ဖြန်းသောနွားအသွေး၊ ဆိတ်အသွေး၊ နွားမကလေး၏ ပြာသည်၊ သူတို့ကိုယ်ခန္ဓွာ၌စင်ကြယ်ခြင်းကိုပြုနိုင်သည်မှန်လျှင်၊
၁၄ ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရ ဝိညာဉ်တော်အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သော အကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသော စိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။
၁၅ ထိုကြောင့်ပဌမ ပဋိညာဉ်တရားလက်ထက်၌ ပြစ်မှားသောအပြစ်ကို လည်းလွတ်စေခြင်းငှါ၊ ခရစ်တော်သည်အသေခံတော်မူသည်ဖြစ်၍၊ ခေါ်တော်မူသောသူတို့သည် ဂတိတော်နှင့် ယှဉ်သော ထာဝရအမွေကိုခံရမည် အကြောင်း၊ ထိုသခင်သည်ပဋိညာဉ် တရားသစ်၏ အာမခံဖြစ်တော်မူ၏။
၁၆ အမွေခံစေခြင်းငှါ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်သောသူသည် ဧကန်သေရမည်မှန်ပြီ။
၁၇ အကယ်၍ မသေလျှင်၊ ထိုစာချုပ်သည်မတည်၊ သေမှသာတည်၏။
၁၈ ထိုကြောင့်ပဌမပ ဋိညာဉ်တရားကို စီရင်သောအခါ၊ အသွေးနှင့် ကင်း၍မစီရင်။
၁၉ တရားတော်၌ပါသမျှသောပညတ် တို့ကိုမောရှေ သည် လူအပေါင်းတို့အားဟောပြောပြီးမှ၊ ရေနှင့် ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုး သောသိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်း လူအပေါင်းကို၎င်း ဖြန်းလျက်၊
၂၀ ဤအသွေးကား၊ သင်၌ ဘုရားသခင်ဝန်ခံတော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟု ပြောဆို၏။
၂၁ တဲတော်နှင့်ဝတ်ပြုသော တန်ဆာများ ကိုလည်း ထိုနည်းတူ အသွေးနှင့်ဖြန်းရ၏။
၂၂ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေး အားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ။
၂၃ ထိုကြောင့်၊ ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံများကို ထိုသို့သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရမည်ဖြစ်၍၊ ကောင်းကင်အရာ တို့ကို သာ၍ မြတ်သောယဇ်ပူဇော်ခြင်းအားဖြင့် စင်ကြယ်စေရ၏။
၂၄ ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန ထဲသို့ ခရစ်တော်သည် မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှါ၊ ကောင်ကင် ကိုယ်ထဲသို့ ဝင်တော်မူပြီ။
၂၅ သို့သော်လည်း၊ ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်း အစဉ်ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။
၂၆ ထိုသို့ ပူဇော်ရသည် မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလ အဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကိုသုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။
၂၇ လူသည်တခါတည်းသေ၍ ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊
၂၈ ထိုနည်းတူ၊ ခရစ်တော်သည် လူများ အပြစ်တို့ကို ခံခြင်းငှါ တခါ တည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကိုကယ်တင်ခြင်းအလိုငှါ၊
၃။ ခြေဆေးမင်္ဂလာပါသော (ပဋိညာဉ်သစ်)
ယော ၁၃း၁-၈၊ မ ၂၆း၂၆-၃၀၊ ၁ကော ၅း၇၊ ထွက် ၁၂း၁၁
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၃ ၁ ပသခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို့ပြောင်းရသော အချိန်ရောက်သည်ကို သိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏။
၂ ကိုယ်တော်ကိုအပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏စိတ်နှလုံး၌ အကြံပေးသွင်းနှင့် သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊
၃ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကို၎င်း၊ သူသည် ဘုရားသခင့်ထံတော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည် သိတော်မူသည်နှင့်၊
၎ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။
၅ ထိုနောက်မှ ရေကိုအင်တုံ၌ လောင်း၍တပည့်တော်တို့၏ခြေကို ဆေးပြီးမှ ခါး၌စည်း သောပဝါနှင့် သုတ်တော်မူ၏။
၆ ရှိမုန်ပေတရုဆီသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို ဆေးတော်မူမည်လောဟု မေးလျှောက်၏။
၇ ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏။
၈ ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို အလျင်းဆေးတော် မမူရဟုလျောက်၏။ ယေရှုကလည်း၊ သင့်ကိုငါမဆေးရလျှင် သင်သည်ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။ ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၅ ၇ သင်တို့ သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသောတဆေးကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၁၂ ၁၁ အဘယ်သို့ စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝေးကိုကိုင်လျက်၊ အလျှင်အမြန် စားရ မည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။