Sunday, February 5, 2017

ခွေးဖြင့်နှိုင်းယှဉ်ချက်ပုံပမာ(၄)ချက်

၁။  အမှန်တရားမရှိသော၊  အမှန်တရားမဟောပြောသောလူများ- ဟေရှာ ၅၆း၈-၁၂
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၆     အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသား တို့ကိုစုဝေးသော အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ စုဝေးပြီးသော သူများမှတပါး အခြားသောသူတို့ကို ထိုအစုအဝေး၌ ငါစုဝေးဦးမည်ဟု မိန့်တော်မူ၏။
 အိုလယ်ပြင်သား အပေါင်းနှင့်တော၌လည်သောသားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှာလာကြလော့။
၁၀ သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက်အိပ်ချင် အားကြီးသောခွေးဖြစ်ကြ၏။
၁၁ စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သောခွေးလည်းဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းလိုက်ကြပြီ။ တယောက်မျှမကြွင်း၊ တညီ တညွတ်တည်း ကိုယ်အကျိုးစီးပွားကိုသာရှာကြ၏။
၁၂ လာကြ။ စပျစ်ရည်ကိုယူခဲ့ကြလော့။ သေရည်သေရက်ကိုဝစွာ သောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟု ဆိုတတ်ကြ၏။

၂။  အမှန်တရားသိလျှက်၊မလိုက်လျှောက်၊ထပ်ကါတလဲလဲ အပြစ်လုပ်သူများ- ၂ပေ ၂း၂၁-၂၂
ရှင်ပေတရုသြဝါဒစာဒုတိယစောင် အခန်းကြီး ၂   ၂၁ ဖြောင့်မတ်ခြင်း တရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကို တဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကိုမသိဘဲနေသော် သာ၍ကောင်း၏။
၂၂ ခွေးသည် မိမိအန်ဖတ်ကိုပြန်၍စား၏။ ၀က်သည်လည်း ဆေးပြီးမှရွံ့တွင်လူးပြန်၏ဟု မှန်သောစကားပုံသည် ထိုသူတို့၌ ပြည့်စုံသတည်း။

၃။  မကောင်းသောအကျင့် ကျင့်သောသူများ- ဖိ ၃း၂
ဖိလိပ္ပိသြဝါဒစာ အခန်းကြီး ၃    ခွေးတို့ကို ရှောင်ကြလော့။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သော သူတို့ကို ရှောင်ကြလော့။

၎။  ထါဝရအသက်မရသူများ- ဗျာ ၂၂း၁၄-၁၆

ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂   ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။