Wednesday, January 25, 2017

ပညတ်တော် ၁၀ ပါးလိုအပ်ရခြင်း၏အဓိက အကြောင်းရင်း (၂၂)ခု





၁။  ခမည်းတော်ကိုယ်တိုင် စောင့်ခဲ့တယ်- က ၂း၂-၃
ကမ္ဘာဦးကျမ်း အခန်းကြီး ၂     သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၂။  ခမည်းတော်ကိုယ်တိုင် သူ့လက်ညှိုးနဲရေးခဲ့တယ်-  ထွက် ၃၁း၁၈
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁   ၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

၃။  ခရစ်တော်ကိုယ်တိုင် ခမည်းတော်၏ မေတ္တာရဖို့ စောင့်ခဲ့တယ် - ယော ၁၅း၁၀
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅    ၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။

၎။  ကျမ်းစာက ခရစ်တော်၏တရား ဖြစ်တယ်လို့ပြောတယ်- ၁ကော ၁း၂၄
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁      ၂၄ သို့သော်လည်း၊ ယုဒလူ ဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ပညာတော် တည်းဟူသော ခရစ်တော်၏တရားဖြစ်၏။

၅။  ခရစ်တော်ကိုယ်တိုင် ပညတ်တော်ကို ထါဝရအသက်ဖြစ်တယ်ဟု ပြောခဲ့တယ်
ယော ၁၂း၄၉
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂    ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလို အလျောက် ဟောသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် သည် အဘယ်သို့ ငါဆုံးမဟောပြော ရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။

၆။  ကျမ်းစာက ပညတ်တော်သည် ခရစ်တော်ဖြစ်တယ်ဟု ပြောတယ်- ၁ယော ၃း၂၃
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃     ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။

၇။  ကျမ်းစာက ပညတ်တော်သည် ဘုရားရဲ့တံဆိပ်ဟု  ပြောတယ်- ဟေရှယ ၈း၁၆၊
 ထွ ၃၁း၁၈
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈   ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊   ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁    ၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

၈။  ကျမ်းစာက ပညတ်တော်သည် ချစ်ခြင်းမေတ္တာဖြစ်သည်ဟု  ပြောတယ်- ၁ယော
၎း၈၊ ၁ယော ၄း၁၆၊ ယော ၁၄း၁၅-၁၆
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄     ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။   ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄   ၁၆ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူ ခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူ သည်ဘုရားသခင်၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ၌ တည်တော် မူ၏။   ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄   ၁၅ ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊
၁၆ ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။

၉။   ကျမ်းစာက တရားစကါးအာလုံး၏အချုပ်ဟု  ပြောတယ်- ၂တိ ၁း၁၃၊ ၁ယော ၃း၂၃
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ ၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရားစကားအချုပ်အခြာကို၊ ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။  ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃     ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။
၁၀။  ကျမ်းစာက လူသားအားလုံးအတွက်အချုပ်စကါးဟု  ပြောတယ်- ဒေသနာကျမ်း
၁၂း၁၃
ဒေသနာကျမ်း အခန်းကြီး ၁၂   ၁၃ အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။

၁၁။  ကျမ်းစာက ဓမ္မဟောင်းနှင့် ဓမ္မသစ် ၂ ကျမ်းစလုံး၏ အချုပ်စကါးဟု  ပြောတယ်- မသဲ ၂၂း၃၅-၄၀
 ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂  ၃၅ သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊
၃၆ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊
၃၈ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။
၃၉ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
၄၀ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။

၁၂။   ကျမ်းစာက ပညတ်တော်သည် ထါဝရအသက်ကိုပေးနှိုင်သည်ဟု ပြောတယ်-  ၁ယော၃း၂၃၊ ဗျာ ၁၂း၁၇၊ ယော ၁၂း၄၉-၅၀
 ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃     ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။  ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂     ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။   ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂   ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလို အလျောက် ဟောသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် သည် အဘယ်သို့ ငါဆုံးမဟောပြော ရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။
၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မှာထားတော်မူသည်အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။

၁၃။  ခရစ်တော်ကိုယ်တိုင်က နှစ်ခြင်းပေးပြီးသူတိုင်းကို ပညတ်တော်သင်ပေးပါဟုတပည့်တော်တွေကို မှာကြားခဲ့တယ်- မ ၂၈း၁၉-၂၀
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈   ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
၂၀ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။

၁၄။   ကျမ်းစာက သား/သမီးတိုင်းအား ပညတ်တော်ကို သွင်သင်ရမယ်ဟု
 ပြောတယ်- တရား ၆း၅-၇
တရားဟောရာကျမ်း အခန်းကြီး ၆    သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
 ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
 ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။

၁၅။  ဘုရားသခင်က ငါ့ကိုချစ်လျင် ငါ့ပညတ်တော်တို့ကိုစောင့်ရမယ်ဟုပြောတယ်- ယော ၁၄း၁၅-၁၆
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၄    ၁၅ ငါ့ကိုချစ်လျှင်ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည်ခမည်းတော်ကိုတောင်း၍၊
၁၆ ခမည်း တော်သည်သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ်တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။

၁၆။   ကျမ်းစာက ယုံကြည်ခြင်းကြောင့်  ပညတ်တော်ကို မပယ်ရဟု ပြောတယ်-
ရောမ ၃း၃၁၊ ရောမ ၁၀း၎
ရောမသြဝါဒစာ အခန်းကြီး ၃    ၃၁ သိုဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေ၏။   ရောမသြဝါဒစာ အခန်းကြီး ၁၀    ယုံကြည်သောသူ အပေါင်းတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည် အကြောင်း၊ ပညတ်တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။

၁၇။  ကျမ်းစာက ကိုယ်နှင့်စပ်ဆိုင်သူကိုကိုယ်နှင့်အမျှချစ်လော၊ အခြင်းခြင်းချစ်လော ဟူပညတ်သည် ပညတ်တော် ၁၀ ပါးဟု ပြောတယ်- ရောမ ၁၃း၈-၉
ရောမသြဝါဒစာ အခန်းကြီး ၁၃       အချင်းချင်းချစ်ခြင်းမေတ္တာမှတပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတပါးကိုချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။
 အကြောင်းမူကား၊ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။

၁၈။  ကျမ်းစာက ပညတ်တော်စောင့်သူတွေ သခင်ကိုသိသူတွေဟု  ပြောတယ်-
၁ယော ၂း၃
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၂      ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်း ဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။

၁၉။   ကျမ်းစာက ပညတ်တော်စောင့်သူတွေ ခရစ်တော်ကိုယုံကြည်သူတွေဟု
 ပြောတယ်- ၁ယော ၅း၂
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅      ငါတို့သည် ဘုရားသခင်ကို ချစ်၍၊ ပညတ်တော်တို့ ကိုစောင့်ကြလျှင်၊ ဘုရားသခင်၏ သားတို့ကို ချစ်ကြသည်ကိုငါတို့ သိရကြ၏။ ပညတ်တော် တို့ကိုချစ်ကြသည်ကို ငါတို့သိရကြ၏။

၂၀။   ကျမ်းစာက ပညတ်တော်ကို မစောင့်လျှင် ဘုရားရဲ့ကျိန်ခြင်းကိုခံရမယ်ဟု
 ပြောတယ်- တရားဟော ၁၁း၂၆-၂၈
တရားဟောရာကျမ်း အခန်းကြီး ၁၁     ၂၆ ယနေ့ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသော ဤနှစ်ပါးကို သင်တို့ရှေ့မှာ ငါထား၏။
၂၇ ယနေ့ ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်တို့ကို နားထောင်လျှင်မှကား၊ ကောင်းကြီး ပေးခြင်း၊
၂၈ သင်တို့ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ငါမှာထားသော လမ်းမှလွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသော ဘုရားကို မှီဝဲဆည်းကပ်လျှင် မူကား ကျိန်ခြင်းကို ငါထား၏။

၂၁။  ကျမ်းစာက စတန်၏အဓိက တရားခံသည် ပညတ်တော်ကိုစောင့်သူတွေဟု
 ပြောတယ်- ဗျာ ၁၂း၁၇
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂    ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။

၂၂။   ကျမ်းစာက စာတန်နှင့်အပေါင်းပါတွေ ငရဲမီးလောင်သောအခါ ပညတ်တော်ကို စောင့်သူတွေ လွတ်မြောက်ဟု  ပြောတယ်- ဗျာ ၁၄း၉-၁၂
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄    ထိုမှတပါး၊ တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊  သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊
၁၀ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
၁၁ ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဥ့်မပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။
၁၂ ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်းခံစရာ အကြောင်းရှိ၏။