Monday, April 17, 2017

Protestant ဂိုဏ် များနှင့် သမ္မာကျမ်းစာဆက်စပ်ပုံ ( ၁၃ ) မျိုး




၁။ Protest အဓိပ္ပါယ်ဘာလဲ၊ ဘာကြောင့်၊ဘာဖြစ်လို့ Protest လုပ်ပြီးအသင်းတော်များစွာကွဲရသလဲ၊ အဲဒီ Protest မှာ ခရစ်ယာန်အသက်ပေါင်း ဘယ်လောက် စတည်းရသလဲ၊ အဲဒီအသက်ပေါင်း များစွာကိုဘယ်သူတွေ သတ်ဖြတ်ကြသလဲ၊ စတဲမေးခွန်းတွေရဲအဖြေက လူအများခေါ်တဲ့ မိခင်အသင်းတော်(RC) ဖြစ်သည်။

၂။ မိခင်အသင်းတော်သည်(RC)  သတ္တမနေ့ဥပုသ်မှ တနင်္ဂနွေဥပုသ်ကိုပြောင်းလဲသည်။
ဒံ ၈း၁၁-၁၃၊ ဒံ ၁၂း၁၁
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈     ၁၁ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာ ဌာနတော်ကိုရှုတ်ချလေ၏။
၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍အောင်မြင်ခြင်းသို့ ရောက်လေ၏။
၁၃ ထိုအခါ သန့်ရှင်းသူတပါး၏ စကားပြောသံကို ငါကြား၏။ သန့်ရှင်းသူတပါးက၊ ယခင်ပြောသော သူကို ဟစ်၍၊ သန့်ရှင်းရာဌာနနှင့် ဗိုလ်ခြေကိုနင်းခြင်းအလိုငှါ နေ့ရက်အစဉ်ပြုသော ဝတ်ကိုပယ်ခြင်းနှင့်င်း၊ ဖျက်ဆီးတတ် သော လွန်ကျူးခြင်းနှင့်င်း စပ်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် အဘယ်မျှကာလပတ်လုံး တည်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊    ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၂
၁၁ နေ့ရက်အစဉ်ပြုသော ဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည် ပေါ်လာပြီးမှ၊ အရက်တထောင် နှစ်ရာကိုးဆယ်ကြာလိမ့်မည်။

၃။ မိခင်အသင်းတော်သည်(RC)  သတ္တမနေ့ဥပုသ်ကို ရှုချ၊ပယ်ဖျက်သူများဖြစ်သည်။
ဒံ ၈း၁၁၊ ဒံ ၁၁း၃၁
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈     ၁၁ ထိုမျှမက၊ ဗိုလ်ခြေသခင်တိုင်အောင် ထောင်လွှားခြင်းကို ပြုလျက်၊ နေ့ရက်အစဉ်ပြုသောဝတ်ကိုပယ်၍၊ သန့်ရှင်းရာ ဌာနတော်ကိုရှုတ်ချလေ၏။    ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၁    ၃၁ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော အဝတ်ကိုပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာ ကိုလည်း တည်ထားကြလိမ့်မည်။

၎။ မိခင်အသင်းတော်သည်(RC)  သတ္တမနေ့ဥပုသ်ကိုစောင့်သူများကိုသတ်ဖြတ်ခဲ့သည်။
ဒံ ၈း၂၄-၂၅၊ ဗျာ ၁၃း၁၄-၁၅၊ 
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈   ၂၄ ထိုမင်းကြီးသည် ကိုယ်တန်ခိုးမရှိဘဲ လျက် တန်ခိုးကြီးလိမ့်မည်။ အထူးသဖြင့် ဖျက်ဆီး၍ တိုးပွါးအောင်မြင်လိမ့်မည်။ စွမ်းအားကြီးသောလူစု၊ သန့်ရှင်းသော လူစုကိုပင် ဖျက်ဆီးလိမ့်မည်။
၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်းအောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်း နှင့်တကွ မိဿဟာယဖွဲ့သောအားဖြင့် လူများတို့ကိုဖျက်ဆီး၍၊ သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။   ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃   ၁၄ ပထမသားရဲရှေ့၌ ပြပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား၏။ ထားနှင့်ခုတ်သောဒဏ်ချက်ကို ခံရ၍ အသက်ရှင် သေးသောသားရဲ၏ ရုတ်တုကိုလုပ်စေခြင်းငှါ မြေကြီး သားတို့ကိုမှာထား၏။
၁၅ သားရဲ၏ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့်၊ မိမိကိုမကိုးကွယ်သောသူ ရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုတ်တု၌ အသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏။

၅။ မိခင်အသင်းတော်သည်(RC)  ပညတ်တော် ၁၀ ပါးကို ပြောင်းလဲသူများဖြစ်သည်။
ဒံ ၇း၂၅
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇   ၂၅ အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။

၆။ မိခင်အသင်းတော်(RC) သည် သမ္မာကျမ်းစာကိုမီးရှူးဖျက်စီးခဲ့သည်။
ဒံ ၈း၁၂
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈  ၁၂ အပြစ်များသောကြောင့် နေ့ရက်အစဉ် ပြုသောဝတ်နှင့်တကွ ဗိုလ်ခြေကိုလည်း ထိုချိုသည်ရ၍၊ သမ္မာတရားကို မြေသို့နှိမ့်ချ၏။ ထိုသို့ပြု၍အောင်မြင်ခြင်းသို့ ရောက်လေ၏။

၇။ မိခင်အသင်းတော်ကြောင့် သတ္တမနေ့ဥပုသ်ကိုစောင့်သူများ ၁၂၆၀ နှစ်ကြာတောထဲပုန်းနေခဲ့ရသည်။
ဒံ ၁၁း၃၃၊ ဗျာ ၁၂း၆၊ ဗျာ ၁၂း၁၄
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၁    ၃၃ လူစုထဲမှ ပညာရှိသောသူတို့သည် အများသောသူတို့ကို သွန်သင်ကြလိမ့်မည်။ ထားနှင့် ကွက်မျက်ခြင်း၊ မီးရှို့ခြင်း၊ သိမ်းသွားချုပ်ထားခြင်း၊ လုယက်ခြင်းအားဖြင့် အင်တန်ကာလပတ်လုံး လဲကြလိမ့်မည်။   ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂   မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။     ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂    ၁၄ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကိုရလေ၏။

၈။ မိခင်အသင်းတော်(RC) ၏ အဓိကရန်သူသည် ပညတ်တော် ၁၀ ပါးကိုစောင့်သူများ(သတ္တမနေ့ဥပုသ်ကိုစောင့်သူများဖြစ်သည်)
ဗျာ ၁၂း၁၇
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂     ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။

၉။ မိခင်အသင်းတော်(RC) သည် တနင်္ဂနွေဥပုသ်သို့ပြောင်းလဲသူများဖြစ်သည်။
ဒံ ၁၁း၃၁
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၁    ၃၁ ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ်ပြုသော အဝတ်ကိုပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာ ကိုလည်း တည်ထားကြလိမ့်မည်။

၁၀။ မိခင်အသင်းတော်(RC) သည် ဘုရားကိုဆန့်ကျင်သူများဖြစ်သည်။။
ဒံ ၈း၁၁-၂၅
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁၁    ၁၁ တောင်ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ မြောက်ရှင်ဘုရင်ကို ဆီးကြို၍တိုက်လိမ့်မည်။ မြောက်ရှင်ဘုရင်သည် များစွာသော စစ်သည်ဗိုလ်ခြေအလုံးအရင်းတို့ကို စီရင်သော်လည်း၊ တောင်ရှင်ဘုရင်သည် ထိုအလုံးအရင်းကို သိမ်းယူလိမ့်မည်။
၁၂ ထိုအလုံးအရင်းတို့ကို ပယ်ရှင်းပြီးမှ၊ မာနစိတ်ပေါက်လျက်၊ အထောင်အသောင်းမက၊ များစွာသောလူတို့ကို လုပ်ကြံသောလည်း၊ မိမိအာဏာကိုမတည်စေရ။
၁၃ အကြောင်းမူကား၊ မြောက်ရှင်ဘုရင်သည် တဖန်ပေါ်လာ၍၊ အရင်ထက် များစွာသောအလုံးအရင်းတို့ကိုစီရင်ပြီးမှ ကာလအတန်အရာလွန်လျှင်၊ စစ်အင်္ဂါများ၊ စည်းစိမ်များနှင့် ဆက်ဆက်လာလိမ့်မည်။
၁၄ ထိုကာလ၌ တောင်ရှင်ဘုရင်ကို ရန်ဘက်ပြုသောသူတို့သည် များကြလိမ့်မည်။ သင်၏ အမျိုးသားချင်းဖြစ်သော သူပုန်တို့သည် ဗျာဒိတ်ရူပါရုံကို ပြည့်စုံစေခြင်း၍ှငှါ ထ၍၊ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
၁၅ မြောက်ရှင်ဘုရင်သည်လာ၍၊ မြို့ရိုးကိုတည်ပြီးလျှင်၊ ခိုင်ခံ့သောမြို့တို့ကို လုပ်ကြံလိမ့်မည်။ တောင်ရှင်ဘုရင်၏ လက်နက်များ၊ ရွေးချယ်သောလူများတို့သည် ဆီးတားခြင်းငှါ ခွန်အားမရှိသောကြောင့်၊ မဆီးတားရကြ။
၁၆ တိုက်လာသောသူသည် မိမိအလိုအလျောက်ပြု၍၊ သူ့ရှေ့မှာ အဘယ်သူမျှ မရပ်မနေနိုင်ဘဲ၊ သာယာသော ပြည်ကိုနင်းပြီးမှ စုံလင်စေလိမ့်မည်။
၁၇ ဖြောင့်မတ်သော သူတို့သည် လိုက်လျက်ထိုမင်းသည် မိမိနိုင်ငံ၏ အလုံးအရင်း ရှိသမျှတို့နှင့် တကွ ဝင်စားခြင်းငှါ ကြိုးစားအားထုတ်၍၊ မိန်းမငယ်ဖြင့် ဖျက်ဆီးခြင်းငှါ ပေးစားလိမ့်မည်။ သို့သော်လည်း၊ သူသည် အကြံမမြောက်၊ အကျိုးမရှိရ။
၁၈ တဖန် ကျွန်းစုသို့ မျက်နှာလှည့်၍ ကျွန်းအများတို့ကိုလုပ်ကြံလိမ့်မည်။ သို့ရာတွင်၊ ဗိုလ်မင်းတပါးသည် မိမိခံရသော အသရေဖျက်ခြင်းကို မိမိမှလွှဲပယ်၍၊ ထိုအသရေပျက်ခြင်းကို တိုက်လာသောမင်းအပေါ်သို့ ပြန်ရောက်စေလိမ့်မည်။
၁၉ ထိုမင်းသည်လည်း၊ မိမိနေရာမြို့တော်သို့ ပြန်သွားပြီးလျှင်၊ ထိမိ၍ လဲသဖြင့် ကွယ်ပျောက်လိမ့်မည်။
၂၀ ထိုမင်းအရာ၌လည်း နိုင်ငံတော်၏ ဘုန်းစည်းစိမ်ကို ရှုတ်ချလျက်၊ ငွေတော်ခွဲသောသူသည် ပေါ်လာ၍ ခဏရှိပြီးမှ ဒေါသအမျက်မထွက်၊ စစ်မတိုက်ဘဲ ဆုံးရှုံးခြင်းသို့ ရောက်လိမ့်မည်။
၂၁ ထိုသူအရာ၌လည်း မင်းစည်းစိမ်းကို ခံထိုက်သောသူမဟုတ်၊ ယုတ်မာသောသူပေါ်လာလိမ့်မည်။ သူသည် အနိုင်အထက်မပြု၊ ချော့မော့ခြင်းအားဖြင့် နိုင်ငံကိုရလိမ့်မည်။
၂၂ လွှမ်းမိုးသောလက်နက်တို့သည် သူ့ရှေ့မှာ မြုပ်၍ ဆုံးရှုံးလိမ့်မည်။ မိဿဟာယခံသော မင်းလည်းဆုံးရှုံးလိမ့်မည်။
၂၃ အကြောင်းမူကား၊ မိဿဟာယပြုသော မင်းသည် သစ္စာပျက်သဖြင့်၊ တတ်လာ၍ လူအနည်းငယ်မျှ ပါသော်လည်း တန်ခိုးကြီးလိမ်မည်။
၂၄ အသီးအနှံများသောပြည်ကို အနိုင်အထက်မပြုဘဲ ဝင်လိမ့်မည်။ လုယူသော ပစ္စည်းဥစ္စာစည်းစိမ်းများကို စွန့်ကြဲ၍၊ မိမိဘိုးဘေးမပြုဘူးသော အမှုကိုပြုလိမ့်မည်။ ခိုင်ခံသောမြို့ပြတို့ကိုရခြင်းငှါ တာရှည်စွာ ကြံစည်လိမ့်မည်။
၂၅ ကြီးစွာသောအလုံးအရင်းနှင့် တကွ၊ တောင်ရှင်ဘုရင် ကိုဆန့်ကျင်ဘက်၍၊ မိမိအစွမ်းသတ္တိကို နှိုးဆော်လိမ့်မည်။ တောင်ရှင်ဘုရင်သည်လည်း၊ အားကြီး၍ များစွာသော အလုံးအရင်းနှင့်တကွ စစ်တိုက်ခြင်းငှါ နှိုးဆော်သော်လည်း မခံမရပ်နိုင်။ အကြောင်းမူကား၊ သူတဘက်၌ မကောင်းသော အကြံကိုကြံစည်ကြလိမ့်မည်။

၁၁။ မိခင်အသင်းတော်(RC) သည် ၆၆၆ ကိုပိုင်ထားသူများဖြစ်ကြသည်။
ဗျာ ၁၃း၁၆-၁၈
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃    ၁၆ ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊
၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။
၁၈ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။

၁၂။ မိခင်အသင်းတော်(RC) သည် ကန့်နှင့်ရောသောမီးအိုင်ထဲ ကျမည့်သူများဖြစ်သည်။

ဗျာ ၂၀း၁၁၊ ဗျာ ၁၄း၁၀-၁၁၊ ဒံ ၇း၂၆၊ ဒံ ၈း၂၅
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၀    ၁၁ တဖန်တုံ၊ ဖြူသောပုလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ။   ဗျာဒိတ်ကျမ်း အခန်းကြီး ၁၄   ၁၀ ထိုသူသည် ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသောအမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
၁၁ ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဥ့်မပြတ်သက်သာမရကြဟု လိုက်၍ကြီးသော အသံနှင့် ပြောဆို၏။   ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇  ၂၆ ထိုနောက်မှ တရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏တန်ခိုးအာဏာကို နှုတ်၍ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။
  ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၈ ၂၅ သူသည်လိမ္မာစွာပြုသဖြင့်၊ မုသာလည်းအောင်မြင်လိမ့်မည်။ စိတ်ထောင်လွှားခြင်း နှင့်တကွ မိဿဟာယဖွဲ့သောအားဖြင့် လူများတို့ကိုဖျက်ဆီး၍၊ သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း၊ လူလက်ဖြင့် ဒဏ်မခတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။

၁၃။ မိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက် ဆိုသည်မှာ မိန်းမ= အသင်းတော်ဆိုတော နီသောအဝတ်ကို အဓိကထားအသုံးပြုသော အသင်းတော်သည် မိခင်အသင်းတော်ခေါ် RC ဖြစ်သည်။
ဗျာ ၁၇း၂-၁၃
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇    လောကီရှင်ဘုရင်တို့သည် မတရားသောမေထုန် ကို သူနှင့်ပြုကြပြီ။ မြေကြီးသားတို့သည် သူ၏မတရားသောမေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက်၊
 ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင် သွားလေ၏။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့်အပြည့်ရှိသော  သားရဲနီ အပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကိုငါမြင်၏၊
 ထိုမိန်းမသည် အဝတ်နီ၊ အဝတ်မောင်းကိုဝတ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက်ရှိ၏။ စက်ဆုပ်ရွံရှာဘွယ်သော အရာနှင့်၎င်း၊ မိမိ မတရားသောမေထုန်၏ ညစ်ညူးခြင်းနှင့်၎င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ၏။
 နဖူး၌ အက္ခယာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏အမိ၊ မြေ၌စက်ဆုတ်ရွံရှာဘွယ်သော အရာတို့၏ အမိပေတည်း။
 ထိုမိန်းမသည် သန့်ရှင်းသူတို့၏အသွေး၊ ယေရှု၏သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့မြင်သောအခါ အလွန်အံ့သြမိန်းမော၍ နေ၏။
 ကောင်းကင်တမန်ကလည်း အဘယ်ကြောင့်အံ့သြသနည်း။ ထိုမိန်းမ၏ နက်နဲသောအရာကို၎င်း၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍ ထိုမိန်းမကို ဆောင်သောသားရဲ၏ နက်နဲသောအရာကို၎င်း ငါပြောမည်။
 ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်းထဲက တက်၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့် မည်။ ကမ္ဘာဦးကပင် အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သော သားရဲကို မြင်ရသောအခါ၊ အံ့သြကြလိမ့်မည်။
 ဤအရာ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနလုံးကား မိန်းမထိုင်သော တောင်ခုနစ်လုံးဖြစ်၏။
၁၀ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါးဖြစ်လေ ဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။
၁၁ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ်၏။ ခုနစ်ပါးအဝင်လည်းဖြစ်၏ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။
၁၂ ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါးဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကို သားရဲနှင့်အတူ တချက် တည်းရကြလိမ့်မည်။
၁၃ ထိုသူတို့သည် သဘောတူ၍ မိမိတို့တန်ခိုးအာဏာစက်ကို သားရဲ၌ အပ်ပေးကြလိမ့်မည်။