၁။ ခရစ်တော်ထမြောက်ပြီး ကောင်းကင်မကြွခင် နှစ်ခြင်းပေးပြီးသူတိုင်းကို ပညတ် တော်ကိုသင်ပေးပါဟုပြော- မသဲ ၂၈း၁၉-၂၀၊ တရား ၆း၅-၇
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈ ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈ ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
၂၀ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ တရားဟောရာကျမ်း အခန်းကြီး ၆ ၅ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
၆ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။
၂။ ကောင်းကင်နိုင်ငံ ဝင်ရမည့်သူနှင့် မဝင်ရမည့်သူကိုဖေါ်ပြအပြီး အသင်းတော်တိုင်း ပညတ်တော်စောင့်မှ ကယ်တင်ခြင်းရမည်ဟုသက်သေခံဖို့ရန် ခရစ်တော်က ကောင်းကင်တမန်စေလွှတ်ပြီးခိုင်း- (ဗျာ ၂၂း၁၄-၁၆)
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။