ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၂။ ခရစ်တော်က လုလင်ကို ထာဝရအသက်ရဖို့ရန် လူကိုချစ်ပါဟူသော ဒုတိပညတ်ကို စောင့်ဘာဟု ပြောခဲသည်။ မသဲ ၁၉း၁၇-၁၉
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း ဟု လျှောက်ပြန်လေ၏။
၎။ ခရစ်တော်က လုလင်ကို ထပ်ဖြေဒါက ခင်ဗျားက ပညတ်တော် ၁၀ ပါးမစုံလင်သေးဘူး၊ စုံလင်လိုလျင် ဥစ္စါကိုမချစ်ပဲ ရောင်းပြီး ငါ့ကိုချစ်ပါ(ဘုရားကိုချစ်ပါ) ဟူသောပထမ ပညတ်ကို စောင့်ပါဟုပြောခဲ့သည်။ မသဲ ၁၉း ၂၁
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွားလော့ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၎။ လုလင် သည်စိတ်မသက်မသာနှင့်ထွက်သွားခဲသည်။ မသဲ ၁၉း၂၂
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
၅။ ခရစ်တော်က ဘုရားကိုမချစ်လျင်၊ လူသားချင်းမချစ်လျင် ကောင်းနိုင်ငံမဝင်ရဟုပြေခဲသည်။ မသဲ ၁၉း၂၃-၂၄၊ မသဲ ၁၉း၁၆-၁၉
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၂၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။
၂၄ တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။