၁။ ပြောပြမည့်သူ(ဆရာယုဒသန်ကဲသို့သောသာသနာပြု)/ကိုယ်စားကျမ်းစာဖတ်သူ
ရော ၁၀း၁၄-၁၅ ၊ရော ၁၀း၁၆-၁၇
ရော ၁၀း၁၄-၁၅ ၊ရော ၁၀း၁၆-၁၇
ရောမသြဝါဒစာ အခန်းကြီး ၁၀ ၁၄ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ပဌနာပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။
၁၅ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟော ပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက် စရာသိတင်း၊ ကောင်းကျိုး ချမ်းသာ၏ဝမ်းမြောက်စရာသိတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။ ရောမသြဝါဒစာ အခန်းကြီး ၁၀ ၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်းမြောက်စရာ သိတင်း ကို နားထောင်ကြသည်မဟုတ်။ ပရောဖက်ဟေရှာယစကားဟူမူကား၊ အိုထာဝရဘုရား၊ ကျွန်ုပ်တို့ဟော ပြောသော သိတင်းစကားကို အဘယ်သူ ယုံပါသနည်းဟု ဆို၏။
၁၇ သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။
၂။ အမှန်တရားကိုရှာဖွယ်ရန်(ကိုယ်တိုင်ကျမ်းစာများများဖတ်)
၁ယော ၃း၂၃၊ ဗျာ ၂၂း၁၄-၁၆၊ ဗျာ ၁၂း၁၇၊ ဗျာ ၁၉း၁၀၊ ဒံ ၇း၂၅၊ က ၂း၂-၃၊ဟေရှ ၆၆း၂၂-၂၃၊
ဟေရှ ၈း၁၆၊ ထွက် ၃၁း၁၈၊ ယော ၁၅း၁၀၊ ၂တိ ၁း၁၃၊ ဒေသနာ ၁၂း၁၃၊
မ ၂၂း၃၅-၄၀
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ ၁၇ နဂါးသည် မိန်းမကိုအငြိုး ထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကိုကျင့်၍၊ ယေရှု၏သက်သေ ခံတော်မူချက်ကို စွဲလန်းသော သူတည်းဟူသော ထိုမိန်းမ၌ကြွင်းသော အမျိုးအနွှယ်ကို စစ်တိုက်ခြင်းငှါသွား၏။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁၉ ၁၀ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ခြေရင်း၌ပြပ်ဝပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကို ဆောင်သောသင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသောစကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အား ပြောဆို၏။ ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၇ ၂၅ အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၂ ၂ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
၃ ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေ တော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော အမှုအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့်၊ ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈ ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊ ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၆ ၂၂ ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွှယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏၊၊
၂၃ လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့ နှင့် ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊ ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁ ၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ ၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ ၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရားစကားအချုပ်အခြာကို၊ ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။ ဒေသနာကျမ်း အခန်းကြီး ၁၂ ၁၃ အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ ၃၅ သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊
၃၆ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊
၃၈ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။
၃၉ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
၄၀ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
၃။ လိုက်လျှောက်ရန်(ဘုရားပြောသလို၊ဘုရားလမ်းပြသလို၊ကျမ်းစာအတိုင်း၊လူသားတတ်နိုင်သမျှ)
လုကာ ၁၁း၂၈၊ ဟေဗြဲ ၁၁း၆၊ ယော ၁၂း၄၉၊ ယော ၈း၃၉၊ ၂တိ ၁း၁၃၊ ဒေသနာ ၁၂း၁၃၊ ထွက် ၃၁း၁၈၊ ယော ၁၅း၁၀၊ ဗျာ ၂၂း၁၄-၁၆၊ မ ၂၈း၁၉-၂၀၊ တရား ၆း၅-၇
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ ၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။ ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ ၆ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၂ ၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလို အလျောက် ဟောသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် သည် အဘယ်သို့ ငါဆုံးမဟောပြော ရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ပညတ်တော်သည် ထာဝရ အသက်ဖြစ်သည်ကို ငါသိ၏။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ ၃၉ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏ သားမှန်လျှင် အာဗြဟံ၏ အကျင့်ကိုကျင့်ကြလိမ့်မည်။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၅ ၁၀ ငါသည် ငါ့ခမည်းတော်၏ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေ ကြလိမ့်မည်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁ ၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။ ဒေသနာကျမ်း အခန်းကြီး ၁၂ ၁၃ အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈ ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။
၂၀ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ တရားဟောရာကျမ်း အခန်းကြီး ၆ ၅ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။
၆ ယနေ့ငါမှာထားသော စကားကို နှလုံးသွင်းရမည်။
၇ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်။ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။