Thursday, February 2, 2017

စာတန်ကို တိုက်ထုတ်ဖို့ရန် လိုအပ်သော ဘုရားရဲ့လက်နက်စုံ(၇) မျိုး


၁။ သစ္စါခေါ် ခါးပန်း- ဧဖက် ၆း၁၄
၂။  ဖောင့်မတ်ခြင်းပါရမီခေါ်  ရင်အုပ်တန်ဆာ-  ဧဖက် ၆း၁၄
ဧဖက်သြဝါဒစာ အခန်းကြီး ၆  ၁၄ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊

၃။  ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောခြင်းခေါ်  ခြေစွပ်-  ဧဖက် ၆း၁၅
ဧဖက်သြဝါဒစာ အခန်းကြီး ၆   ၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

၎။  ယုံကြည်ခြင်းခေါ်  ဒိုင်းလွှား- ဧဖက် ၆း၁၆
ဧဖက်သြဝါဒစာ အခန်းကြီး ၆   ၁၆ မာရ်နတ်ပစ်ခတ် သော မီးစက် လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက် တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။

၅။  ကယ်တင်ခြင်းခေါ် သံခမောက်လုံး-  ဧဖက် ၆း၁၇
၆။  ဘုရား သခင်၏ နှုတ်ကပတ်တော်ခေါ် ဝိညာဉ်တော်၏ထား- ဧဖက် ၆း၁၇
ဧဖက်သြဝါဒစာ အခန်းကြီး ၆    ၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရား သခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့။

၇။ ဆုတောင်း ခြင်းဟူသောလက်နက်- ဧဖက် ၆း၁၈
ဧဖက်သြဝါဒစာ အခန်းကြီး ၆ ၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုဆုတောင်းခြင်းငှါ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဘို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။