၁။ လူတွေအားလုံးအတွက် အချုပ်စကါး။ ဒေသနာ ၁၂း၁၃
ဒေသနာကျမ်း အခန်းကြီး ၁၂ ၁၃ အချုပ်အခြာ စကားဟူမူကား ဘုရားသခင်ကိုကြောက်ရွံ့၍၊ ပညတ်တော်တို့ကိုစောင့်ရှောက် လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သောအမှုဟူကား အလုံးစုံတို့ကို ချုပ်ခြာသတည်း။
၂။ သမ္မာကျမ်းစာအုပ် တအုပ်လုံးအတွက် အချုပ်စကါး။ မသဲ၂၂း၃၅-၄၀ နှင့်
၁ယော ၄း၈ နှင့်အငယ် ၁၆
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၂ ၃၅ သူတို့အဝင် အပါ ဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကိုစုံစမ်း နှောင့်ရှက်ခြင်းငှါ၊
၃၆ အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟုမေးလျှောက်သော်၊
၃၇ ယေရှုက၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံး အကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့် ချစ်လော့၊
၃၈ ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်သည်လည်း ဖြစ်၏။
၃၉ ထိုမှတပါးကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပဌမပညတ်နှင့် သဘောတူ၏။
၄၀ ဤပညတ်နှစ်ပါး တို့ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။ ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၄ ၈ ချစ်ခြင်းမရှိသောသူသည်ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ ၁၆ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူ ခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူ သည်ဘုရားသခင်၌ တည်၏။ ဘုရားသခင် သည်လည်း ထိုသူ၌ တည်တော် မူ၏။
၎။ တရားစကါးအားလုံးအတွက် အချုပ်စကါး။ ၂တိ ၁း၁၃ နှင့် ၁ယော ၃း၂၃
တိမောသေသြဝါဒစာဒုတိယစောင် အခန်းကြီး ၁ ၁၃ ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရားစကားအချုပ်အခြာကို၊ ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။ ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃ ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။