Tuesday, January 17, 2017

သတ္တမနေ့တွင်ဥပုသ်စောင့်၊နားရခြင်း၏အဓိကအကြောင်းရင်း (၂၁)ချက်





၁။ ခမည်းတော်ဘုရားစောင့်ပြခဲ့လို့- က ၂း၂၊ ထွ ၃၁း၁၂-၁၈
ကမ္ဘာဦးကျမ်း အခန်းကြီး ၂       သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသော အမှုအရာတို့သည် ပြီးစီး ပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။  ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁     ၁၂ တဖန် ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။
၁၄ ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသော ကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သောသူ မည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကိုခံရမည်။
၁၅ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည် သည်ကား ဧကန် အမှန်အသေခံရမည်။
၁၆ သို့ဖြစ်၍ ဣသရေလအမျိုးသား အစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၁၈ ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ၊ မောရှေနှင့်နှုတ်ဆက်တော်မူသည် အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခယာတင်သော သက်သေခံချက် ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

၂။ ခမည်းတော်ဘုရား၏ဥပုသ်ဖြစ်လို့- ထွက် ၂၀း၁၀-၁၁
ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀    ၁၀ သတ္တမ နေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်။ သင်၏တံခါးအတွင်း၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။
၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ ရှိသမျှတို့ကို ခြောက်ရက် တွင် ဖန်ဆင်း၍ သတ္တမနေရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။

၃။ ခရစ်တော်စောင့်ခဲလို့- မာကု ၁း၂၁-၂၂၊ မာကု ၆း၁-၃၊ လုကါ ၄း၃၀-၃၁၊ ဗြဲ ၄း၎၊
လု ၁၃း၁၀
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁     ၂၁ ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။
၂၂ ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ ဆုံးမသြဝါဒပေးတော်မူ၏။   ရှင်မာကုခရစ်ဝင် အခန်းကြီး ၆    ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။
 ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
 သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။   ရှင်လုကာခရစ်ဝင် အခန်းကြီး ၄   ၃၀ ကိုယ်တော်သည် သူတို့အလယ်၌ ရှောက်၍ ကြွသွားတော်မူ၏။
၃၁ ဂါလိလဲပြည် ကပေရနောင်မြို့သို့ရောက်လျှင်၊ ဥပုသ်နေ့၌ ဆုံးမသြဝါဒပေးတော်မူ၏။   ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃   ၁၀ တနေ့သောဥပုသ်နေ့၌ ယေရှုသည် တရားစရပ်တွင် ဆုံးမသြဝါဒပေးတော်မူသောအခါ၊   ဟေဗြဲသြဝါဒစာ အခန်းကြီး ၄    ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
၎။  ခရစ်တော်၏ဥပုသ်ဖြစ်လို့- မာကု ၂း၂၇-၂၈
ရှင်မာကုခရစ်ဝင် အခန်းကြီး ၂    ၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ဖြစ်သည်မဟုတ်။
၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကိုပင်အစိုးရသည်ဟု မိန့်တော်မူ၏။

၅။ ခရစ်တော်သေချိန်မှာ မထမြောက်ပဲ စောင့်ခဲလို့- ယော ၁၉း၃၁၊ မသဲ ၂၈း၁-၆
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၁၉   ၃၁ ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သောဥပုသ်နေ့ဖြစ်သည်ကို ယုဒလူတို့သည် ထောက်၍၊ အလောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာမရှိစေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင်၊ ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်း ကြ၏။    ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈    ဥပုသ်နေ့လွန်၍ ခုနစ်ရက်တွင် ပဌမနေ့ရက် မိုဃ်းလင်းအံ့ဆဲဆဲအချိန်၌၊ မာဂဒလမာရိနှင့် အခြားသောမာရိ  သည် သင်္ချိုင်းတော်ကို အကြည့်အရှုသွားကြ၏။
 ထိုအခါ မြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာထိုင်နေ၏။
 သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။ အဝတ်သည်လည်း မိုဃ်းပွင့်ကဲ့သို့ဖြူ၏။
 လူစောင့်တို့သည် ကောင်းကင်တမန် ကိုကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ်ဖြစ်ကြ၏။
 ကောင်းကင်တမန် ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သော ယေရှုကို သင်တို့ရှာကြသည်ကို ငါသိ၏။
 ဤအရပ်၌မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။

၆။  တပည့်တော် ၁၂ ပါးစောင့်ခဲ့လို့- မာကု ၆း၁-၃
ရှင်မာကုခရစ်ဝင် အခန်းကြီး ၆     ထိုအရပ်မှကြွ၍ တပည့်တော်တို့သည် လိုက်ကြသဖြင့် မိမိမြို့သို့ရောက်တော်မူ၏။
 ဥပုသ်နေ့ ရောက်လျှင် တရားစရပ်၌ ဆုံးမသြဝါဒပေးတော်မူ၏။ လူများတို့သည် ကြားနာရလျှင် မိန်းမောတွေဝေခြင်းသို့ ရောက်၍၊ ဤသူသည် ဤအရာတို့ကိုအဘယ်မှာရသနည်း။ သူရသောပညာကား အဘယ်ပညာနည်း။ ဤမျှလောက်သော တန်ခိုးများကို အဘယ်သို့ပြနိုင်သနည်း။
 သူသည် လက်သမားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အစ်ကိုမဟုတ်လော။ သူ့နှမများသည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လောဟု ပြောဆိုလျက် စေတနာစိတ်ပျက်ကြ၏။

၇။  ရှင်ပေါလုစောင့်ခဲ့လို့- တမန် ၁၈း၎၊ ၁၇း၁-၃
တမန်တော်ဝတ္ထု အခန်းကြီး ၁၇     ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလေနိတ် မြို့သို့ရောက်ကြ၏။ ထိုမြို့မှာ ယုဒတရားစရပ်ရှိ၏။
 ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွှေးနှီးနှောသဖြင့်၊
 ခရစ်တော်သည်အသေခံရမည်။ သေခြင်းမှထမြောက် ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသော အကြောင်းအရာတို့ကို ရှင်းလင်းစွာဖွင့် ပြလေ၏။  တမန်တော်ဝတ္ထု အခန်းကြီး ၁၈    ပေါလုသည်လည်း ဥပုသ်နေ့မပြတ် တရားစရပ်၌ ဆွေးနွှေးဟောပြော၍၊ ယုဒလူနှင့် ဟေလသလူတို့ကို ဖြားယောင်းသွေး ဆောင်လေ၏။

၈။  သူတော်ကောင်းတွေလည်းစောင့်ခဲ့လို့- လု ၂၃း၅၁-၅၆၊
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၃    ၅၁ ဘုရားသခင်၏နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်း သူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊
၅၂ ယေရှု၏အလောင်း တော်ကို တောင်းလေ၏။
၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုဟ်ဘူးသောကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။
၅၄ ထိုနေ့ကားအဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ အချိန်နီး သတည်း။
၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသော မိန်းမများသည်သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကိုအဘယ်သို့ထားသည်ကို၎င်း အကြည့်အရှု လိုက်လာကြ၏။
၅၆ ထိုနောက်မှပြန်သွားပြီးလျှင် ဆီမွှေးနှင့် နံ့သာမျိုးကိုပြင်ဆင်၍ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲနေကြ၏။

၉။  လူသားတိုင်းစောင့်ရမယ်လို့ဘုရားပြောလို့- ဝတ် ၁၉း၃
ဝတ်ပြုရာကျမ်း အခန်းကြီး ၁၉     လူတိုင်းကိုယ်မိဘကို ရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။

၁၀။  ကောင်းကင်နိုင်ငံမှာလည်းစောင့်ရမယ်ပြောလို့- ဟေရှာယ ၆၆း၂၂-၂၃
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၆    ၂၂ ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွှယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏၊၊
၂၃ လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့ နှင့် ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊
၁၁။  ဘုရားသိသူ/မသိသူကိုတိုင်းဖို့ဘုရား၏ပေတံဖြစ်လို့- ယေဇ ၂၀း၂၀
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၀    ၂၀ ငါ၏ ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေလော့။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာ သက်သေဖြစ်စေကြလော့ဟု ငါဆို၏။

၁၂။   လူဆိုး/လူကောင်းကိုခွဲဖိုရန်ဘုရား၏ပေတံဖြစ်လို့- ယေဇ ၂၀း၁၂
ယေဇကျေလအနာဂတ္တိကျမ်း အခန်းကြီး ၂၀    ၁၂ ထိုမှတပါး ငါထာဝရဘုရား သည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေခြင်းစေခြင်းငှါ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။

၁၃။  မစောင့်ယင်ကျိန်စာခံရမှာကြောက်လို့- ဟေဗြဲ ၄း၃-၎
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄    ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။
 ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။
၁၄။  စာတန်ရဲ့လူ/ဘုရားလူကိုခွဲဖိုရန်ပေတံဖြစ်လို့- ထွက်-၃၁း၁၇၊ ထွက် ၃၁း၁၃
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁   ၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။  ၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။

၁၅။  ခရစ်တော်ကိုယုံလျှင်စောင့်ရမယ်ပြောလို့- ဗြဲ ၄း၃-၎
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄    ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရားသခင်၏ ချမ်းသာထဲသို့ဝင်ရကြ၏။ ထိုသို့နှင့်အညီ ဗျာဒိတ်တော်ကား၊ သူတို့သည်ငါ၏ ချမ်းသာထဲသို့မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည် ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာဦးကပင်အမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝမ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။

 ခုနစ်ရက်မြောက်သောနေ့ကိုအကြောင်း၊ ပြု၍ကျမ်းစာတချက်၌ လာသည်ကား၊ ဘုရားသခင်သည် မိမိအမှုအရာ အလုံးစုံတို့ကို ပြီးစီး၍ခုနစ်ရက်မြောက်သောနေ့၌ ငြိမ်ဝပ်စွာ နေတော်မူ၏ဟု လာသတည်း။

၁၆။   ဥပုသ်နေ့အရေးကြီးတယ်ပြောလို့ - ဗြဲ ၄း၇-၈၊  ဟေရှာယ ၆၆း၂၂-၂၃
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄     တဖန်တုံ၊ ယနေ့တွင်သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံး မရှိကြနှင့်ဟုဆိုသည်ဖြစ်၍၊ ဤမျှလောက်ကာလကြာပြီမှ၊ ယနေ့ဟုဒါဝိဒ်ကျမ်းစာ၌လာသောအခါ၊ တစုံတခုသော နေ့ရက်ကိုသေချာစွာ မှတ်သားသတည်း။
 ယောရှုသည် ထိုသူတို့ကို ချမ်းသာပေးသည်မှန်လျှင်၊ ထိုနောက် အခြားသောနေ့ရက်ကို အဘယ်ဆိုဘွယ်ရှိသနည်း    ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၆   ၂၂ ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွှယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏၊၊
၂၃ လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့ နှင့် ဥပုသ်နေ့ အစဉ်အတိုင်း လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊
၂၄ ထိုသူတို့ သည်၊ ငါ့ကို ပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်၊၊ သူတို့၏ ပိုးသည် မသေနိုင်ရာ။ သူတို့၏ မီးသည်လည်း မငြိမ်းနိုင်ရာ၊၊ လူသတ္တဝါအပေါင်းတို့၌ ရွံ့ရှာဘွယ်ဖြစ်ရာကြလိမ့်မည်ဟု မိန့်တော်မူ၏၊၊
၁၇။   ဘုရားနားသလို အဲဒီနေ့ကိုနားရမယ်ပြောလို့- ဗြဲ၎း၁၀
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄    ၁၀ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာ နေတော်မူ သည်နည်းတူ၊ ထိုချမ်းသာ ထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။

၁၈။   မယုံကြည်သူဣသရေကဲသို့မကျဆုံးချင်လို့ - ဗြဲ ၄း၁၁
ဟေဗြဲသြဝါဒစာ အခန်းကြီး ၄   ၁၁ ထိုကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သောစိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာ ထဲသို့ဝင်ရမည်အကြောင်းကြိုးစားအားထုတ်ကြကုန်အံ့။  

၁၉။   ဘုရာရဲ့တံဆိပ်ကိုပဲခံယူချင်လို့( ဥပုသ်သည် ပညတ်တော် ၁၀ ပါးမှတပါးဖြစ်)ဟေရှာယ ၈း၁၆၊ ထွက် ၃၁း၁၇၊ ထွက် ၃၁း၁၃
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈   ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊     ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁   ၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။   
၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၂၀။  ဘုရားနှင့်လူးသားတို့၏ ထာဝရလက္ခဏါသက်သေဖြစ်လို့- ထွက် ၃၁း၁၃
ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁    ၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။

၂၁။   ထာဝရအသက်ရချင်လို့(( ဥပုသ်သည် ပညတ်တော် ၁၀ ပါးမှတပါးဖြစ်)
၁ယော ၃း၂၃၊ ဗျာ ၂၂း၁၄-၁၆
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၃    ၂၃ ဘုရားသခင်၏ ပညတ်တော်ဟူမူကား၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည်။ သားတော်ပညတ်တော်မူသည်အတိုင်း၊ အချင်းချင်းချစ်ရမည်ဟူသော ပညတ်တော်ပေတည်း။    ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂    ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။