ကမ္ဘာဦးကျမ်း အခန်းကြီး ၃ ၁ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန်တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမအား၊ သင်တို့သည် ဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလောဟု မေး၏။
၂ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသော အပင်တို့၏ အသီးကိုစားရသောအခွင့် ရှိ၏။
၃ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟု ဘုရားသခင် အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။
၎ မြွေကလည်း၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။
၅ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင် သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။
၆ ထိုအပင်သည် စားဘွယ်ကောင်း၏၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ၊ နှစ်သက်ဘွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်းစား၏။ ရောမသြဝါဒစာ အခန်းကြီး ၆ ၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။
၁ကော ၁၅း၂၂၊ ၁ကော ၁၅း၄၅၊ ၂ကော ၅း၁၅-၁၇
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ ၂၂ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။ ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၅ ၄၅ ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။ ကောရိ န္တု သြဝါဒစာဒုတိယစောင် အခန်းကြီး ၅ ၁၅ လူအပေါင်းတို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သော သူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူ၏ အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့်အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏။
၁၆ သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည် ဇာတိအမျိုးကိုထောက်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်ကသိမှတ်သော်လည်း၊ ယခုမှစ၍ ထိုသို့သော သိမှတ်ခြင်းမရှိ။
၁၇ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
က ၂း၁၅-၁၇၊ ယော ၈း၂၃-၂၄
ကမ္ဘာဦးကျမ်း အခန်းကြီး ၂ ၁၅ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှါ ထားတော် မူ၏။
၁၆ ထာဝရအရှင်ဘုရားသခင် ကလည်း ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
၁၇ ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၈ ၂၃ ယေရှု ကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။
၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
ယော ၃း၁-၅၊ ယော ၃း၁၄-၂၁
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ ၁ ယုဒလူတို့တွင် အရာရှိဖြစ်သော နိကောဒင်အမည်ရှိသော ဖာရိရှဲတယောက်သည်၊
၂ ညဥ့်အခါ ယေရှုထံတော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့်မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့်အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊
၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
၎ နိကောဒင် ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ် သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။
၅ ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန် အကန်ဆို၏။ ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ ၁၄ မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထား ခြင်းကို ခံရမည်။
၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။
၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။
၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။
၁၉ အပြစ်စီရင်ခြင်း ကိုခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍နှစ်သက်ကြ၏။
၂၀ ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူ အပေါင်းတို့သည် အလင်းကိုမြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှါ အလင်းသို့မချဉ်းကပ်ကြ။
၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါအလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။
မသဲ ၁၉း၁၅-၂၂
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၉ ၁၅ သူငယ်တို့ အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှကြွသွားတော်မူ၏။
၁၆ ထိုအနောက် လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကိုရအံ့ သောငှါ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
၁၇ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ် ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
၁၈ အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့မယားကိုမပြစ်မှားနှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
၁၉ မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
၂၀ ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ် အကျင့်လိုသေးသနည်း ဟု လျှောက်ပြန်လေ၏။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွားလော့ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။
၂၂ ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
၆။ အသင်ကယ်တင်ခြင်းရပြီ။ ဗျာ ၂၂း၁၄-၁၆
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။
--- အဒံနှင့်ဧဝ၏အပြစ်ကြောင့် လူသားအာလုံးသေခြင်းတရားကိုကယ်ဖို့ရန် လူသားအာလုံး၏ ကယ်တင်ရှင်က ခရစ်တော်ဖြစ်သည်။(လူသားအာလုံးကိုကယ်ပြီးပြီ၊ ခရစ်တော်တာဝန်ကျေခဲပြီ၊ ကယ်တင်ခြင်းရဖို့ အသင့်တာဝန်ကဘာလဲ)
--- လူသားအာလုံးကိုကယ်တင်အပြီး ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံရမည်။(လူသားအားလုံးယုံကြည်ခွင့်ရှိသည်)
--- ယုံကြည်ပြီးယင် နှစ်ခြင်းခံမှ ကယ်တင်ခြင်းရမည်။( ခရစ်တော်ကိုယုံကြည်သူသာဒီအလုပ်ကိုလုပ်ရပြီး မယုံကြည်သူ မလုပ်ရ)
--- နှစ်ခြင်းခံပြီးယင် ပညတ်တော် ၁၀ ပါးစောင့်မှ ကယ်တင်ခြင်းရမည်။(ခရစ်တော်ကိုယုံကြည်၊ နှစ်ခြင်းခံပြီး သူတိုင်းလုပ်ရမည့်အလုပ်)
--- ခရစ်တော်အသေခံခြင်းသည်၊ ယုံကြည်ရမည်၊ နှစ်ခြင်းခံရမည်၊ ပညတ်တော် ၁၀ ပါးစောင့်ရမည်ဟူသောအချက်များဖြင့် မသက်ဆိုင်ပဲ( ယုံကြည်ရမည်၊ နှစ်ခြင်းခံရမည်၊ ပညတ်တော် ၁၀ ပါးစောင့်ရမည်ဟူသောအချက်များသည်) သင်နှင့်တိုက်ရိုက်သက်ဆိုင်သည်။ အသင်ထါဝရအသက် ရချင်လျှင် အသင်ကိုယ်တိုင် မလွဲမသွယ်လုပ်ရမည်။ယုံဖို့ကသင့်အလုပ်၊နှစ်ခြင်းခံရမှာက သင့်အလုပ်၊ပညတ်တော် ၁၀ ပါးစောင့်ရမှာသင့်အလုပ်ဖြစ်သည်။