Monday, January 23, 2017

ယေရှုသခင် ကျင့်ကြံအားထုတ်ခဲသော အကျင့် ၃ မျိုး




၁။ ကျင့်ကြံအားထုတ်ခဲရသောအကျင့်။ သမဲ ၄း၁-၃ နှင့် သမဲ ၆း၁၆
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၄    ထိုအခါမာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေရမည်အကြောင်း၊ ဝိညာဉ်တော်သည်ယေရှုကို တောသို့ ပို့ဆောင်တော်မူ၍၊
 ယေရှုသည် အရက်လေးဆယ်ပတ်လုံးအစာအဟာရကိုမသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ်ခြင်းသို့ ရောက်တော်မူ၏။
 ထိုအခါ စုံစမ်းသွေးဆောင်သောသူသည် ချဉ်းကပ်၍၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော် မှန်လျှင်၊ ဤကျောက်ခဲတို့ကိုမုန့်ဖြစ်စေခြင်းငှါ အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။   ရှင်မဿဲခရစ်ဝင် အခန်းကြီး ၆    ၁၆ သင်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ လျှို့ဝှက်သောသူတို့နည်းတူ မျက်နှာညှိုးခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်သည်ကို လူများတို့ရှေ့မှာထင်ရှားစေခြင်းငှါ၊ မိမိတို့မျက်နှာကိုဖျက် တတ်ကြ၏။

။ ကောင်းသော လူ့ဗီဇ ပင်ကိုယ်အကျင့်။ မာကု၁၂း၃၃ နှင့် ရှင်ယာကုပ် ၂း၁၄

ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၂     
၃၃ ထိုဘုရားသခင်မှတပါး အခြားသောဘုရားသခင်မရှိ။ ထိုဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူတို့ကိုလည်း ကိုယ်နှင့်အမျှချစ်ခြင်းအကျင့်သည် မီးရှို့သောယဇ်ကောင်မှစ၍ ယဇ်အမျိုးမျိုးတို့ကို ပူဇော်ခြင်း အကျင့်ထက်သာ၍မြတ်ပါသည်ဟု လျှောက်လေ၏။     ရှင်ယာကုပ်သြဝါဒစာ အခန်းကြီး ၂    ၁၃ ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည်တရား စီရင်ခြင်းကိုအောင်၍ဝါကြွားတတ်၏။
၁၄ ငါ့ညီအစ်ကိုတို့၊ တစုံတယောက် သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကိုကယ်တင်နိုင်သလော့။

၃။ လူသာတို့၏လုပ်ရိုးလုပ်စဉ် အကျင့်။ ရှင်ယောဟန် ၆း၂၉ နှင့် မသဲ ၃း၁၅
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၆    ၂၉ ယေရှုကလည်း ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံခြင်း အကျင့်ကား၊ အလိုတော်နှင့်ညီသောအကျင့်တည်းဟု မိန့်တော်မူ၏။    ရှင်မဿဲခရစ်ဝင် အခန်းကြီး ၃    ၁၅ ယေရှုကလည်းအလုံးစုံသောတရားတို့ကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍၊  ယခုအခွင့်ပေးပါဟု ပြန်ပြောတော်မူ၏။ ထိုအခါယောဟန်သည်ဝန်ခံလေ၏။
၁၆ ယေရှုသည် ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ် တော်သည်ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍၊
၁၇ ဤသူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်ကအသံတော်ဖြစ်လေ၏။