Wednesday, February 22, 2017

ရှင်းလင်းချက်( ၄ ) ချက်

ပေတရု ၏ ရူပါရုံ၌ မသန်းရှင်းသော အစားအနှင့် သန်းရှင်းသောအစားအစာ များကို
ဘုရားသခင်က စားခွင့်ပေးသည်မဟုတ်ကြောင်း ရှင်းလင်းချက်( ၄  ) ချက်


၁။   ဘုရားသခင်က အရေဖျားလှီးခြင်းမခံယူသော တပ်မူး ကော်နိလိကို ရူပါရုံထဲ
ပေတရုဆီသွားဖို့ရန် စေခိုင်းခဲ့သည်။ 
တမန် ၁၀း၃-၅
တမန်တော်ဝတ္ထု အခန်းကြီး ၁၀     တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ကော်နေလိဟု ခေါ်လျက် ရောက်လာသည်ကို ထိုသူသည်ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။
 ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင် ထိတ်လန့်ခြင်းရှိသည်ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်းဟု မေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသော ဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည် ဘုရားသခင့် ရှေ့တော်၌ အောက်မေ့စရာဘို့ တက်ကြပြီ။
 ထိုကြောင့် ယခုပင် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော့။

၂။  နောက်တနေ့ အဲဒီအချိန်းမှာပဲ ပေတရုရူပါရုံထဲ ဘုရားသခင်က အရေဖျားလှီးခြင်းမခံယူသော တပ်မူး ကော်နိလိကို အတွေ့ခံဖို့ရန် မသန်းရှင်းသော အစားအနှင့် သန်းရှင်းသောအစားအစာ များကိုရောထားပြီး စားခိုင်းစေခဲ့သည်။ 
တမန် ၁၀း၉-၁၆
တမန်တော်ဝတ္ထု အခန်းကြီး ၁၀     နက်ဖြန်နေ့၌ ထိုသူတို့သည်သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသောအခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှါ အိမ်မိုးပေါ်သို့တက်လေ၏။
၁၀ ဆာမွတ်၍အစာအာဟာရကို အလိုရှိလျှင် သူတပါး တို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊
၁၁ ကောင်းကင် ဖွင့်လှစ်သည် ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍ မြေသို့ချလွှတ်သောတန်ဆာသည် မိမိဆီသို့ဆင်းသက် လာသည်ကို၎င်း မြင်လေ၏။
၁၂ ထိုတန်ဆာထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုဃ်းကောင်း ကင်၌ကျင်လည်သောငှက်မျိုး တို့သည်ရှိကြ၏။
၁၃ စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့ဟုလာ၏။
၁၄ ပေတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မဆင်ကြယ်သော အရာကို အကျွန်ုပ်သည် တရံတခါမျှမစားဘူးပါဟု ပြောဆို၏။
၁၅ နောက်တဖန် စကားသံကား ဘုရားသခင် ဆင်ကြယ်တော်မူသောအရာကို ညစ်ညူးသည်မထင်နှင့်ဟု လာပြန်၏။
၁၆ ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။

၃။  သန်းရှင်းသောဝိညာဉ်တော်က ပေတရုကို အရေဖျားလှီးခြင်းမခံယူသော တပ်မူး ကော်နိလိတို့ ရှာနေသောအခါ အတွေ့ခံလိုက်ပါဟူသောစကါးသံကို လက်ခံခဲသည်။       တမန် ၁၀း၁၉-၂၃
တမန်တော်ဝတ္ထု အခန်းကြီး ၁၀    ၁၉ ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍နေစဉ်တွင် ဝိညာဉ်တော်က လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။
၂၀ ထ၍ ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သောသူဖြစ်ကြသည်ဟု မိန့်တော်မူလျှင်၊
၂၁ ပေတရုသည် ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု သူတို့အားမေး၏။
၂၂ ထိုသူတို့ကလည်း ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသောသူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော် ကိုမိမိအိမ်သို့ ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း သန့်ရှင်းသောကောင်းကင်တမန် အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။
၂၃ ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ် ကိုအချို့တို့သည် လိုက်ကြ၏။

၎။   အရေဖျားလှီးခြင်းမခံယူသော တပ်မူး ကော်နိလိတို့အား အတွေ့ခံခြင်းကိုအပြစ်တင်ကြသောသူများကို ရူပါရုံ၏အဓိပ္ပါယ်ကို  ပေတရု ရှင်းပြခဲ့သည်။     

တမန်   ၁၁း၂-၁၃  
တမန်တော်ဝတ္ထု အခန်းကြီး ၁၁     ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာ သောအခါ အရေဖျားလှီးခြင်းကို ခံသောသူတို့က၊
 သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့် ပေါင်းဘော်၍ စားသောက်ပါသည်တကားဟု ဆန့်ကျင်ဘက်ပြု၍ဆိုကြ၏။
 ပေတရုသည်လည်း ထိုအကြောင်း အရာကို အစမှအဆုံးတိုင်အောင် ဘော်ပြသည်ကား၊
 ငါသည် ယုပ္ပေမြို၌ ဆုတောင်းစဉ် ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့်ချလွှတ်သော ချုံထည်ကဲ့သို့သော တန်ဆာသည်ဆင်းသက်၍၊ ငါ့ထံသို့ရောက် လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့်မြင်၏။
 ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ကျင် လည်သော သားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်မျိုးတို့ကို မြင်၏။
 ထိုအခါ ပေတရု၊ ထ၍သတ်စားလော့ဟု ငါ့အားပြောသောစကားသံကိုလည်း ငါကြား၏။
 ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သောအရာသည် အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါမျှမဝင်ဘူးပါ ဟုပြောဆို၏။
 နောက်တဖန် စကားသံသည်ကား၊ ဘုရားသခင်စင်ကြယ်စေတော်မူသော အရာကိုညစ်ညူးသည် မထင်နှင့်ဟု ကောင်းကင်ထဲကလာပြန်၏။
၁၀ ထိုသို့သုံးကြိမ်မြောက်အောင်ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့ ဆွဲယူပြန်လေ၏။
၁၁ ထိုခဏချင်းတွင် ကဲသရိမြို့မှ ငါ့ထံသို့စေလွှတ်သောလူသုံးယောက် တို့သည် ငါရှိသောအိမ်အနားမှာ ရပ်နေကြ၏။
၁၂ ငါသည် တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည် အကြောင်း ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ယောက်တို့သည်လည်း ငါနှင့်အတူသွား၍ ထိုသူ၏အိမ်သို့ ဝင်ကြ၏။
၁၃ ကောင်းကင်တမန်သည် သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့ လူတို့ကို စေလွှတ်၍ ပေတရုအမည်သစ်ကိုရသော ရှိမုန်ကိုခေါ်ပင့်လော။