၁။ စာတန်၏တံဆိပ် (၆ နံပါတ်) ၆၆၆
ဗျာ ၁၃း၁၅-၁၈၊ ဒံ ၇း၂၅၊ ဗျာ ၁၂း၁၇
ဗျာ ၁၃း၁၅-၁၈၊ ဒံ ၇း၂၅၊ ဗျာ ၁၂း၁၇
ဗျာဒိတ်ကျမ်း အခန်းကြီး ၁၃ ၁၅ သားရဲ၏ရုတ်တုသည် စကားပြောနိုင်မည်အကြောင်းနှင့်၊ မိမိကိုမကိုးကွယ်သောသူ ရှိသမျှ တို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုတ်တု၌ အသက်ကိုသွင်းပေးရသော အခွင့်ကိုလည်းရ၏။
၁၆ ငွေရတတ် သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက်၌ဖြစ်စေ၊ နဖူး၌ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ၎င်း၊
၁၇ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ၏နာမဖြစ်စေ၊ နာမ၏အရေအတွက်ဖြစ်စေ၊ တခုခုကိုမခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ၎င်း စီရင်၏။
၁၈ ဤအရာ၌ ပညာရှိ၏ ဥာဏ်ရှိသောသူသည် သားရဲ၏အရေအတွက်ကို ရေတွက်စေ။ လူ၏အရေအတွက်ဖြစ်၏။ ခြောက်ရာခြောက်ဆယ်ခြောက် လည်းဖြစ်၏။
၂။ ဘုရားတံဆိပ် (၇ နံပါတ်) LUCKY-7
ဟေ ၈း၁၆၊ ထွ ၃၁း၁၈၊ ထွ ၃၁း၁၆-၁၇၊ ထွ ၃၁း၁၃၊ ဗျာ ၂၂း၁၄-၁၅
ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၈ ၁၆ ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍ ပညတ်တရားကိုတံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏၊၊ ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁
၁၇ ထိုသို့စောင့်လျှင်၊ ငါနှင့် ဣသရေလ အမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေ ဖြစ်လိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား သည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို ခြောက်ရက်တွင်ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေလျက်၊ အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၁ ၁၃ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရကြမည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။
၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။