မသဲ ၁း၁-၁၇
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁ ၁ အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊
၂ အာဗြဟံသား ဣဇာက်။ ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ညီနောင်တစု။
၃ ယုဒသည် မိမိခင်ပွန်း တာမာတွင်မြင်သောသား ဖာရက်နှင့် ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
၎ အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။
၅ စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင် မြင်သောသားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား သြဗက်။ သြဗက်သား ယေရှဲ။ ယေရှဲသားဒါဝိဒ်မင်းကြီးတည်း။
၆ ဒါဝိဒ်မင်းကြီးသည် ဥရိယ၏ခင်ပွန်းဖြစ်ဘူးသောမိန်းမတွင်မြင်သောသား ရှောလမုန်။
၇ ရှောလမုန် သား ရောဗောင်။ ရောဗောင်သားအဘိယ။ အဘိယသားအာသ။
၈ အာသသားယောရှဖတ်။ ယောရှက်ဖတ် သား ယဟောရံ။ ယဟောရံသားသြဇိ။
၉ သြဇိသားယောသံ။ ယောသံသားအာခတ်။ အာခတ်သားဟေဇကိ။
၁၀ ဟေဇကိ သားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
၁၁ ယောရှိသားယောယကိမ်။ ယောယကိမ်သည်ဗာဗုလုန် မြို့သို့ နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ညီနောင်တစုတည်း။
၁၂ ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊ ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။
၁၃ ဇေရုဗဗေလသား အဗျုဒ်။ အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။
၁၄ အာဇော်သား ဇာဒုတ်။ ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။
၁၅ ဧလုပ်သား ဧလာဇာ။ ဧလာဇာသား မဿန်။ မဿန်သား ယာကုပ်။
၁၆ ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သုမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
၁၇ ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကာ၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့နေရာပြောင်းသည့်တိုင်အောင် တဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ပြောင်း ပြီးမှသည် ခရစ်တော်တိုင်အောင် တဆယ်လေးဆက်ဖြစ်သတည်း။
၂။ ခရစ်တော်မှဖန်ဆင်းရှင်ခမည်းတော်ဘုရားထိ(၇၅)ဆက်
လုကါ ၃း၂၃-၃၆
ရှင်လုကာခရစ်ဝင် အခန်းကြီး ၃ ၂၃ ထိုအခါ ယေရှုသည် အနှစ်သုံးဆယ်ခန့်မျှ ရှိတော်မူ၏။ လူများအထင်အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ်တည်း။ ယောသပ်အဘ ဧလိ၊
၂၄ ဧလိအဘ မဿတ်၊ မဿတ်အဘ လေဝိ။ လေဝိအဘ မေလခိ၊ မေလခိအဘ ယန္န၊ ယန္နအဘ ယောသပ်၊
၂၅ ယောသပ်အဘ မတ္တသိ၊ မတ္တသိအဘ အာမုတ်၊ အာမုတ်အဘ နာဟုံ၊ နာဟုံအဘ ဧသလိ၊
၂၆ ဧသလိအဘ နဂ္ဂဲ။ နဂ္ဂဲအဘ မာအတ်၊ မာအတ်အဘ မတ္တသိ၊ မတ္တသိအဘ ရှေမိ၊ ရှေမီအဘ ယောသပ်၊ ယောသပ်အဘ ယုဒ၊ ယုဒအဘ ယောဟန္န၊
၂၇ ယောဟန္နအဘ ရေသ၊ ရေသအဘ ဇေရုဗဗေလ၊ ဇေရုဗလေအဘ ရှာလသေလ၊ ရှာလသေလအဘ နေရိ၊ နေရိအဘ မေလခိ၊ မေလခိအဘ အဒ္ဒိ၊
၂၈ အဒ္ဒိအဘ ကောသံ၊ ကောသံအဘ ဧလမောဒံ၊ ဧလမောဒံအဘဧရ၊
၂၉ ဧရအဘယောသေ၊ ယောသေအဘဧလျေဇာ၊ ဧလျေဇာအဘ ယောရိမ်၊ ယောရိမ်အဘမဿတ်၊ မဿတ်မဘလေဝိ၊
၃၀ လေဝိအဘရှိမောင်၊ ရှိမောင်အဘယုဒ၊ ယုဒအဘယောသပ်၊ ယောသပ်အဘယောနန်၊ ယောနန်အဘဧလျာကိမ်၊ ဧလျာကိမ်အဘမေလေ၊
၃၁ မေလေအဘမဲနန်၊ မဲနန်အဘ မတ္တသ၊ မတ္တသအဘနာသန်၊ နာသန်အဘဒါဝိဒ်၊
၃၂ ဒါဝိဒ်အဘယေရှဲ၊ ယေရှဲအဘသြဗက်၊ သြဗက်အဘဗောဇ၊ ဗောဇအဘစာလမုန်၊ စာလမုန်အဘနာရှုန်၊
၃၃ နာရှုန်အဘအမိနဒပ်၊ အမိနဒပ်အဘအာရံ၊ အာရံအဘ ဟေဇရုံ၊ ဟေဇရုံအဘဖာရက်၊ ဖာရက်အဘယုဒ၊
၃၄ ယုဒအဘယာကုပ်၊ ယာကုပ်အဘ ဣဇာက်၊ ဣဇာက်အဘအာဗြဟံ၊ အာဗြဟံအဘတေရ၊ တေရအဘနာခေါ်၊
၃၅ နာခေါ်အဘစေရောက်၊ စေရောက်အဘ ရာဂေါ၊ ရာဂေါအဘဖာလက်၊ ဖာလက်အဘ ဟေဗာ၊ ဟေဗာအဘရှာလ၊
၃၆ ရှာလအဘ ကာဣနန်၊ ကာဣနန်အဘ အာဖာဇဒ်၊ အာဖာဇဒ်အဘရှေမ၊ ရှေမအဘနောဧ၊ နောဧအဘလာမက်၊ ၃၇ လာမက်အဘ မသုရှလ၊ မသုရှလအဘဧနောက်၊ ဧနောက်အဘယာရက်၊ ယာရက်အဘမဟာလေလေလ၊ မဟာလေလေလအဘကာဣနန်၊ ကာဣနန်အဘ ဧနုတ်၊ ဧနုတ်အဘရှေသ၊ ရှေသအဘ အာဒံ၊ အာဒံအဘ ဘုရားသခင်ပေတည်း။