Wednesday, January 18, 2017

ခရစ်တော်ထမြောက်ပြီး အမှာစကါးနှင့်အခွင့်(၆)မျိုး


၁။ ငါသည်စီရင်ပိုင်ခွင့်ရပြီဟုပြော- မသဲ ၂၈း၁၈
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈         ၁၈ ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။


၂။ လူမျိုးတကါတို့ကိုတပည့်ဖြစ်စေပြီးနှစ်ခြင်းပေးပါဟုပြော- မသဲ ၂၈း၁၉
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈       ၁၉ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ် တော်၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။


၃။ နှစ်ခြင်းပေးပြီးသူကို ပညတ်တော်ကိုသင်ပေးပါဟုပြော- မသဲ ၂၈း၂၀၊ 
တရား ၆း၅-၇

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၈        ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက် စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။        တမန်တော်ဝတ္ထု အခန်းကြီး ၆     ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်င်း၊ သန့်ရှင်းသောဝိညာဉ် တော်နှင့် ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊
 တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည် လည်းဆုတောင်းပြီးလျှင် ထိုသူတို့၏ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။
 ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန် ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။

၎။ မြွေဆိပ်ပြေစေသောအခွင့်၊မကျန်းမာသူကိုလက်တင်ခွင့်ပေး - မာကု ၁၆း၁၈
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၆    ၁၈ မြွေတို့ကိုဘမ်းကိုင်ကြလတံ့။ သေစေတတ်သောအဆိပ် အတောက်ကို သောက်စားလျှင် ဘေးဥပဒ်နှင့်ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာ ပေးကြလတံ့ဟု မိန့်တော်မူ၏။


၅။ နတ်ဆိုးနင်ခွင့်၊ ထူးခြားသောဘာသာစကါးအမျိုးမျိုးပြောခွင့်ပေး- မာကု ၁၆း၁၇
ရှင်မာကုခရစ်ဝင် အခန်းကြီး ၁၆     ၁၇ ယုံကြည်သော သူတို့၌ဖြစ်အံ့သောနိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတံ့။ ထူးခြား သောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။


၆။ နောင်တ တရားရဖို့ဟောပါဟုပြော- လုကါ ၂၄း၄၇ ( နောင်တ တရားရဖို့
ပညတ်တော် ၁၀ ပါးလို)

ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၄     ၄၇ ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်။