Tuesday, January 24, 2017

ပုရောဖက်ပြုချက်

ပုရောဖက်ပြုချက်

၁။ ဒံယေလအခန်းကြီး ၇တွင် ရူပါ ရုံ၌ အဘယ်အကြောင်းအရာသည် ပုရောဖကိကိုစိတ်စွဲစေသနည်း။ ဗာဗုလုန်ရှင်ဘုရင် ဗေလရှာဇာနန်းစံပဌမနှစ်တွင်၊ ဒံယေလသည် အိပ်မက်ကိုမြင်၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌ အာရုံပြုပြီးမှ မြင်မက်သောအရာတို့ကို ရေးထားသောအချက်ကား၊ငါဒံယေလသည် ညဥ့်အခါ အာရုံပြု၍၊မိုဃ်းကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်း တိုက်ကြလျှင်၊ 

ဒံယေလအနာဂတ္တိကျမ်း ၇း၁-၂။ ၂။လေတို့သည် အချင်းချင်းတိုက်ကြသောကြောင့် သမုဒ္ဒရာ ထဲက ဘာတက်လာသနည်း။ သဏ္ဌာန်ချင်းမတူသော သားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲက ထွက်လာကြ၏။ ပဌမသားရဲသည် ခြသေ့င်္နှင့်တူ၏။ ရွှေလင်းတ အတောင်လည်းရှိ၏။ 



ဒံယေလအနာဂတ္တိကျမ်း ၇း၃။ ၃။ထိုသားရဲလေးကောင် တို့သည်ဘာနှင့်တူသနည်း။ ငါကြည့်ရှု၍နေစဉ်၊ သူ၏အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကိုချီကြွလျက် လူကဲ့သို့ ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ် သဘောကိုလည်းရ၏။ ဒုတိယသားရဲသည် ဝံနှင့်တူ၏။တဘက်၌ ကိုယ်ကိုကိုယ်ချီကြွ၏။ ပစပ်၌နံရိုးသုံးချောင်းကို ကိုက်လျက်ရှိ၏။ သင်ထလော့။ အသားများကို ကိုက်စား လော့ဟု သူ့အားပြောကြ၏။တဖန်ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသောသားရဲ တကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခု ရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသောအခွင့်လည်းရှိ၏။ ထိုညဥ့်အခါ၊ တဖန်ငါသည် အာရုံပြုစဉ်၊ ကြီးစွာသောခွန်အားဖြင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဘွယ်သော စတုတ္ထ သားရဲသည် ထင်ရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍ ကြွင်းသော အရာကို ခြေဖြင့်နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှတို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ 



ဒံယေလအနာဂတ္တိကျမ်း ၇း၎-၇။ ၄။ချိုဆယ်ချောင်းကိုစဉ်းစားဆင်ခြင်လျှက်နေစဉ် ထိုချိုများအလယ်၌ ဘာမြင်၍ ဘာအကျိုးဖြစ်ထွန်းသနည်း။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

ဒံယေလအနာဂတ္တိကျမ်း ၇း၈။ ၅။     ထိုချိုငယ်လေးအကြောင်းကို အဘယ်ကဲ့သို့ဖော်ပြထားသနည်း။ ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

ဒံယေလအနာဂတ္တိကျမ်း ၇း၈။ ၆။     ၎င်းရူပါရုံသည် ဒံယေလစိတ်သဘောကို ဘယ်ကဲ့သို့ဖြစ်စေသနည်း။ဒံယေလဘာလုပ်သနည်း။ငါဒံယေလသည် ကိုယ်ခန္ဒာတုန်လှုပ်၍၊ ထိုရူပါရုံကြောင့် စိတ်ပူပန်ခြင်းရှိလျှင်၊ အနား၌ရပ်နေသော သူ တယောက်ထံသို့ သွား၍၊ ယခုမြင်သမျှကား၊ အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်းသော်။ 

ဒံယေလအနာဂတ္တိကျမ်း ၇း၁၅-၁၆။       ဂါဗြေလသည် ရူပါရုံကိုဖတ်ခြင်း ၇။၎င်းသားရဲလေးကောင်တို့၏ အနက်အဓိပ္ပါယ်ကို ဒံယေလအားကောင်းကင်တမန်က အဘယ်ကဲ့သို့ ဖေါ်ပြသနည်း။ ထိုသူက၊ ဤသားရဲ လေးကောင်တို့သည် မြေကြီးပေါ်မှာ ပေါ်လတံ့သော နိုင်ငံလေးပါးဖြစ်၏။သို့သော်လည်း၊အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့သည် နိုင်ငံကိုသိမ်းယူ၍ ကမ္ဘာအဆက်ဆက် စံစားကြလတံ့ဟု အနက်အဓိပ္ပါယ်ကိုကြားပြော၏ 

ဒံယေလအနာဂတ္တိကျမ်း ၇း၁၇-၁၈။ ၈။   ဒံယေလအထူးတောင်းပန်သောကြောင့် ကောင်းကင်တမန်သည် ထိုစတ္တုထ သားရဲ၏ အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ထပ်မံဖော်ပြသနည်း။ ၈။ဒံယေလအထူးတောင်းပန်သောကြောင့် ကောင်းကင်တမန်သည် ထိုစတ္တုထသားရဲ၏အနက်အဓိပ္ပါယ်ကို အဘယ်ကဲ့သို့ထပ်မံဖော်ပြသနည်း။ ထိုသူကလည်း၊စတုတ္ထသားရဲသည် မြေကြီးပေါ်မှာအခြားသောနိုင်ငံရှိသမျှတို့ထက်ထူးခြားသောစတုတ္ထ နိုင်ငံဖြစ်၏။ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ။

ဒံယေအနာဂတ္တိကျမ်း ၇း၂၄ ၉။     စတ္ထုသာရဲအပေါ်ရှိသောချိဆယ်ချောင်းတို့၏ အနက်အဓိပ္ပါယ်စကာမှာ အဘယ်သို့ရှိသနည်း ထိုနိုင်ငံ၌ ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတံ့သောမင်းကြီးဆယ်ပါးဖြစ်၏။သူတို့နောက်အခြားသောမင်းကြီးပေါ်လာ လိမ့်မည်။အရင်မင်းကြီးထက်ထူးခြား၍သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။

ဒံယေလအာနဂတ္တိကျမ်း ၇း၂၄ မှတ်ချက်။ ထိုအနာဂတ္တိစကားတို့တွင် လေး သမုဒ္ဒရာ ဆိုသောအနက်မှာစကားများမှာ ပုံပမာပြုသည်။ ရေကိုပုံပြု၍ဆိုသောစကာအနက်ကားဘာသာစကားပြောသောအသီးအသီးလူမျိုးနွှယ်များကိုဆိုလိုပေသတည်းဖလားခုနစ်လုံးရှိသော ကောင်းကင်တမန်ခုနစ်ပါးတို့တွင်တပါးသည်လာပြီးလျှင်၊ငါ့ကိုနှုတ်ဆက်၍၊လာခဲ့ပါ။ ရေအပေါ်မှာထိုင်သော ပြည်တန်ဆာကြီး၌ စီရင်ခြင်းအမှုကို ငါပြမည်။

ဗျာဒိတ်ကျမ်း ၁၇း ၁ ယခုမြင်၍ ပြည်တန်ဆာထိုင်သောရေကား၊အသီးသီးဘာသာစကားကိုပြောသောလူအမျိုးမျိုးအစုစုဖြစ်သတည်း။ 

ဗျာဒိတ်ကျမ်း ၁၇း၁၅ တိုက်သောလေသောလေတို့အားအနက်အဓိပ္ပါယ်မှာနိုင်ငံကိုရလိုသောစစ်တိုက်ခြင်းကိုပံဆောင်ခြင်းဖြစ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဘေးသည်တပြည်မှတပြည်သို့ကူးသွားလိမ့်မည်။ မြေကြီးအစွန်းအနားတို့မှ ပြင်းစွာသော လေဘွေသည်ထလိမ့်မည်။ထိုအခါထာဝရဘုရားကွပ်မျက် တော်မူခြင်းကိုရသောသူတို့သည် မြေကြီးတဘက်မှတဘက်တိုင်အောင် နှံ့ပြားကြလိမ့်မည်။သူတို့ကိုမမြည်တမ်းရ။မစုမပုံရ။မသင်္ဂြိုဟ်ရ။ မြေပေါ်မှာမစင်ကဲ့သို့ဖြစ်ကြလိမ့်မည်။အိုသိုးထိန်းတို့၊ငိုကြွေးအော်ဟစ်ကြလော့။အိုသိုးကြီးသိုးမြတ်တို့ ပြာ၌လူးလည်းလျက်နေကြလော့။ သင်တို့ကိုသတ်ရသောအချိန်ရောက်လေပြီ။အရပ်ရပ်သို့ငါမောင်းသဖြင့် သင်တို့သည်အဘိုးထိုက်သောတန်ဆာကျသကဲ့သို့ ဖြစ်ရကြလိမ့်မည်

။ယေရိမိယအနာဂတ္တိကျမ်း၂၅း၂၃-၂၄ ရှေ့တော်၌ဆုတောင်း ခြင်းငှါင်း၊ နှစ်ပေါင်းများစွာပဉ္စမလတွင်ငိုကြွေး၍ခြိုးခြံစွာကျင့်ရပါမည်လောဟုကာင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ရှိသောယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့အား မေးလျှောက်ခြင်းငှါင်း၊ရှရေဇာ၊ ရေဂင်္မေလက်နှင့် သူတို့လူများကိုဘုရားသခင်၏ အိမ်တော်သို့စေလွှတ်ကြ သောအခါ၊ 

ဇာခရိအနာဂတ္တိကျမ်း၇း၁၄ ပုပ်ရဟန်မင်းညှဉ်ဆဲအာဏာတန်ခိုးကိုသားရဲ ချိုငယ်ကလေးအားဖြင့်ပုံ ဆောင်လေသတည်း အရှင်မင်းကြီး၊ စက်တော်ခေါ်၍ မြင်မက်တော်မူသော ရူပါရုံဟူမူကား၊ ကိုယ်တော်သည် ကြည့်ရှု၍ ရုတ်တုကြီးကို မြင်တော်မူ၏။ ထူးမြတ်သောအရောင်အဝါနှင့် ပြည့်စုံ၍၊ ကြီးမြင့်သော ထိုရုပ်တုသည် ကြောက်မက်ဘွယ်သော ပုံသဏ္ဌာန်ကို ဆောင်လျက် ကိုယ်တော်ရှေ့၌တည်ရှိ၏။ သူ၏ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့်လက်နှစ်ဘက်သည် ငွေဖြစ်၏။ ဝမ်းနှင့်ပေါင်နှစ်ဘက်သည် ကြေးဝါဖြစ်၏။ ခြေသလုံးနှစ်ဘက်သည် သံဖြစ်၏။ ခြေဘဝါးနှင့်ဖမိုးသည် သံတပိုင်းသရွတ် တပိုင်းဖြစ်၏။ကိုယ်တော်သည် ကြည့်ရှုတော်မူစဉ်၊ လက်ဖြင့်မထုမလုပ်ဘဲ အလိုလိုဖြစ်သော ကျောက်တလုံးသည် သံနှင့်သရွတ် ဖြစ်သော ရုပ်တု၏ခြေကို ထိခိုက်၍ ချိုးဖဲ့သည်ရှိသော်၊ သံ၊ သရွတ်၊ ကြေးဝါ၊ ငွေ၊ ရွှေတို့သည် ကျိုးပဲ့ကြေမွလျက်၊ နွေကာလ၌ ကောက်နယ်တလင်း အမုန့်ကဲ့သို့ဖြစ်သဖြင့်၊ လေတိုက်လွှင့်၍ သူတို့နေစရာမရှိ၊ပျောက်လေ၏။ ရုပ်တုကိုထိခိုက်သော ကျောက်မူကား၊ တိုးပွားသဖြင့် တောင်ကြီးဖြစ်၍၊ မြေကြီးတပြင်လုံးကို ဖုံးလွှမ်းသည်ဟု မြင်မက်တော်မူ၏။ ယခုတွင် အိပ်မက်တော်၏အနက်ကို ဘော်ပြ၍ နားတော်လျှောက်ပါမည်။ အရှင်မင်းကြီး၊ ကိုယ်တော်သည် ဘုရင်တို့၏ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံနှင့်တကွ တန်ခိုးအာနုဘော် အစွမ်းသတ္တိဘုန်းသရေကို ကိုယ်တော်အား ပေးတော်မူပြီ။လူနေရာရှိသမျှတို့နှင့် မြေကြီးသားတိရ စ္ဆာန်၊ မိုဃ်းကောင်း ကင်ငှက်များတို့ကို ကိုယ်တော်လက်၌အပ်ပေး၍၊ ကိုယ်တော်သည် အလုံးစုံတို့ကို အုပ်စိုးရသော အခွင့်ရှိတော်မူ၏။ ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်း ဖြစ်တော်မူ၏။ကိုယ်တော်နောက်၌ ကိုယ်တော်၏နိုင်ငံလောက် မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့်မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသောကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံသည် တည်ထောင်လိမ့်မည်။ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာသော နိုင်ငံဖြစ်လိမ့်မည်။ သံသည် အခြားသော အရာရှိသမျှတို့ကို ချိုးဖဲ့၍ နိုင်သကဲ့သို့၊ စတုတ္ထနိုင်ငံသည် ချိုးဖဲ့နှိပ်စက်ခြင်းကို ပြုလိမ့်မည်။ ရုပ်တု၏ ခြေနှင့် ခြေချောင်းတို့သည် သရွတ်တပိုင်း သံတပိုင်းရှိသည်ကို မြင်တော်မူသည်အတိုင်း၊ အချင်းချင်းကွဲပြား သော နိုင်ငံဖြစ်လိမ့်မည်။ သို့သော်လည်း ဖုတ်သောသရွတ်နှင့် သံရောနှောသည်ကို မြင်တော်မူသည်ဖြစ်၍၊ သံသည် ခိုင်မာခြင်းသတ္တိရှိလိမ့်မည် ခြေချောင်းတို့သည်သံတပိုင်းသရွတ်တပိုင်း ဖြစ်သည်နှင့်အညီ၊ ထိုနိုင်ငံသည် ခိုင်မာ ခြင်းနှင့်င်း၊ ကျိုးပဲ့ခြင်းနှင့်၎င်း ဆက်ဆံလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း၂း၃၂-၄၂ ဒ့ယေလအခန်းကြီးနှစ် အတွင်း ရုပ်တုကြီး၌ ရှိသောသတ္ထုလေးမျိုး သည် သားရဲလေးကောင်တို့နှင့်ညီညွတ်သည်။ရွှေဦခေါင်းကာခြင်္သေ့သည်ဗာဗုလုန်နိုင်ငံကိုဆိုလိုသည်။ငွေရက်ဘက်ကား၊ ငွေလက်နှစ်ဖက်တို့သည်နှင့်ဘီဘွတ်၍ မေဒိပေရသိနိုင်ငံကိုဆိုသည်။ ရုပ်တုကြေဝါသည် ဟေလသနိုင်ငံ(ဂရိနိုင်ငံ) တည်းဟူသောကမ္ဘာတစ်ခုလုံးကိုအုပ်စိုးသော စတ္ထုသာရဲနှင့် ညီညွတ်၍ ရောမနိုင်ငံရောမဗရင်ဂျီပုပ်ရဟန်မင်းကြီးသာသနာထွန်းကားခြင်းကိုဆိုလိုသည်။ချိုဆယ်ချောင်း ပေါ်ထွန်းခြင်းအကြောင်း မှာ ခရစ်သက္ကရာဇ် ၃၅၁=၄၈၃ နှစ်အတွင်း တွင် ရောမနိုင်ငံကြီးသည် ဆယ်နိုင်ငံ ကွဲပြားခြင်းအားဖြင့် ပြည့်စုံခြင်းသိုရောက်သည်။ထိုဆယ်နိုင်ငံတို့သည်ကားအလင်မန်နီ၊ဖရန့်(က)အန်ဂလိုဆက္ကဇန်၊ဗီဂေါ့(သ)ဆူဗီ၊ဘန်ဂန်(လ)လောင်းဘား(ဒ)ဟယ်ရှုလီ။အော်စတရှိ ဂေါ့(သ)နှင့်ဗန်ဒါး ဖြစ်ကြ၍ ဥရောပတိုက်တွင်ယခုရှိကြသောဂျာမနီ၊၊ပြင်သစ်၊အင်္ဂလန်၊စပိန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလင်၊အီတလီနိုင်တိုခြင်နှင့်ညီညွတ်သည် ၁၀။ချိုငယ်၊ပါပသာသနာနာ၏ပုံပမာ ချိုငယ်ဘယ်ကပေါ်ပေါက်သနည်း ထိုချိုတို့ကိုငါကြည့်ရှုစဉ်၊ချိုများအလယ်၌ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ထိုချိုငယ်ရှေ့မှာအရင်ချိုသုံးချောင်းကိုအမြစ်နှင့်တကွ နှုတ်လေ၏။ထိုချိုငယ်သည်လူမျက်စိကဲ့သို့သောမျက်စိနှင့်၎င်း၊ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၁။ထိုချိုငယ်တိုသည်ဤနိုင်ငံတစ်ခုပေါ်ထွန်းသောကြောင့်၎င်းနိုင်ငံဆယ်နိုင်ငံသည်သုံးနိုင်ငံဘာဖြစ်သနည်း ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏ 

ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၂။ထိုချိုငယ်သည်ဘာထူခြားသောအရာရှိသနည်း ထိုချိုတို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့်တကွ နှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့်၎င်း၊ ကြီးစွာသောစကားကို ပြောတတ် သော နှုတ်နှင့်၎င်း ပြည့်စုံ၏။

ဒံယေလအနာဂတ္တိကျမ်း ၇း၈ ၁၃။ဤချိုငယ်နိုင်ငံသည် ဥရောပတိုက်တွင်ရှိအခြားနိုင်ငံတို့နှင့် ဘာခြားနားမှုရှိသနည်း ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်း သည် ပေါ်လတံ့သော မင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက်အခြားသော မင်းကြီးပေါ်လာ လိမ့်မည်။ အရင်မင်းကြီး ထက်ထူးခြား၍ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း ၇း၂၄ ၁၄။ထိုချိုငယ်ငသည် ဘုရားသခင်ကို၎င်း သန့်ရှင်သူတို့ကို၎င်း ဘုရားသခင်ပညတ်တရားတို့ကိ၎င်း အဘယ်သို့ အကြံစီရှိသနည်း အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ ၁၅။အဘယ်အျှကာလပတ်လုံး သန့်ရှင်းသူတို့ကို၎င်း ကာလအချိန်ကို၎င်း ပညတ်တရားတို့ကို၎င်း သူ၏ လက်အောက်၌ ထားရှိမည်သနည်း အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍၊ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကို ညှဉ်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရား တို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။

ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ ဗျာဒိတ်ကျမ်း၌ တစ်လ၊ နှစ်ကာလ၊ ကာလတစ်ဝက်၊ ရှက်ပေါင်း ၁၂၆၀ လေးဆယ်နှစ်လ။ မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ပျံနိုင်မည်အကြောင်း၊ ရွှေလင်းတကြီး၏အတောင်နှစ်ဘက်ကိုရလေ၏။ 

ဗျာဒိတ်ကျမ်း ၂၁း၁၄း၁၆ ဗိမာန်တော် တန်တိုင်းကိုမတိုင်းနှင့်၊ ပယ်ထားလော့။ တပါးအမျိုးသားတို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည်။ 

ဗျာဒိတ်ကျမ်း၁၁း၂ ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ဘုရားသခင်ကို ပြစ်မှားသောစကားကို၎င်း ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေး ဆယ်နှစ်လပတ်လုံး စီရင်ရသော အခွင့်ကို ရ၏။ 

ဗျာဒိတ်ကျမ်း ၁၃၅ တစ်ကာလ၊နှစ်ကာလ၊ကာလတစ်ဝက်၊ သည် သုံးနှစ်ခွဲနှင့်တြူီသည် ကျမ်းစာ၏ တစ်မှား ရက်ပေါင်း ၃၆၀ ရှိသောကြောင် သုံနှစ်ခွဲရက်ပေါင်း ၁၂၆၀ မိန်းမသည် အရက်တထောင်နှစ်ရာ ခြောက်ဆယ်ပတ်လုံး တော၌ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။ 

ဗျာဒိတ်ကျမ်း ၁၂း၆ တွင်းပါရှိသောအတိုင်းနှင့် ညီညွတ်ပေသည် .ကျမ်းစာ၏ လမှာ ရက်ပေါင်၃၀ ရှိသော ကြောင့် ၄၂လသည် ထိုရက်ပေါင်း ၁၂၆၉ နှင့်ညီမျှပေသည် သမ္မာကျမ်းစာ၌ ကာလအချိန်ကိုအနာဂတ္တိအားဖြင့်သုံးသောအခါ တစ်ရက်ကို တစ်ယူနှစ် ရမည်။ တဖန်တုံ၊ အချင်းလူ သား၊ ယေရုလင်မြို့ ၌ မုန့်အထောက်အပင့်ကို ငါချိုးမည်။ မြို့သားတို့သည် မုန့်ကိုချိန်လျက်၊စိုးရိမ်သောစိတ်နှင့်စားကြရမည်။ ရေကိုလည်း ခြင်လျက်၊မိန်းမောတွေဝေခြင်းနှင့် သောက် ကြရမည်

။ယေဇကျေလအနာဂတ္တိကျမ်း ၃း၁၆ ထိုကဲ့သိုချိုငယ်နိုင်ငံသည် မိမိကို ခုခံသောချို သုံးချောင်းတို့တွင် နောက်ဆုံးချိုကိုဖြိုဖျက်သည် ကာလမှစ၍မိမိကိုယ်တိုင်အကျဉ်ားူဆောင်ခြင်ခံရသည်တိုင်အောင် နှစ်ပေါင်း ၁၂၆၉ ၌ တန်ခိုးကြီခံလေသည်။ခရစ်သက္ကဇ် ၃၅၁-၄၈၃ နှစ်အတွင် ရောမ နိုင်ငံ ဆယ်နိုင်ငံကွဲပြားပြီနောက် ပါပနိုင်ငံသည် အခြားနိုင်ငံများနှင့် တူခြားပြီလျှင် တန်ခိုးကြီးသောသာသနာနိုင်ငံကြီးတခုဖြစ်လာလေသည်။ ဆယ်နိုင်ငံတို့တွင် ၁ဟယ်ရှုလီ ၂ဗန်ဒါး(လ) ၃အော်စတဂှီဂွေ့(သ) ဆိုသော သုံးနိုင်ငံတို့သည် အဲရီညာသာဖြစ်၍ ပါပမင်းသာသနာနာတော်၏ တန်ခိုးကိုခံလေသည် ရောမဂုဏ်အုပ်များတို့သည် ဟယ်ရှုလီနိုင်ငံကို ၄၆၃ နှစ်၌၎င်း ဗန်ဒါး (လ) နိုင်ငံကို ၅၃၄ ခုနှစ်၌၎င်း အဖြစ်နှင့် တကွနုတ်လေ၏ ဤကဲ့သို့ပြုခြင်းအားဖြင့် ရောမဂုဏ်များတို့၏ တန်ခိုးအညဏာအတည်ဖြစ်လေသည် နှစ်ပေါင်း ၁၂၆၀ သည် ခရစ်၁၇၉၈ ခုနှစ်၌ စေ့ရောက်လေသည်ထိုနှစ်၌ပြင်သစ်စစ်ဗိုလ်ကြီး ဘာသီအားသည် ဆဋ္ဌမမြောက် ပုပ်ရဟန်မင်းပိုက်ရစ်ကိုဖမ်းဆီယူဆောင်ပုပ်ရဟန်းမင်းကြီးပိုက်စ်သွားပြီနောက်ဖိုရဟန်းမင်းကြီသည် အကျဉ်းခံလျက်နေစဉ် သေဆုံးလေသည် ထိုကာလမှစ၍ဗရင်ဂျီပုပ်သာသနာ၏ တန်ခိုးမှေးမှိန်သွားခဲ့လေသည်။ပုပ်ရဟန်းသာသနည်သည် ဘုရားသခင်၏ ဘွဲ့နာမတော်များယူ၍ ခရစ်တော် ကိုယ်စာပြုလုပ်ပြီးလျှင် မိမနှုတ်ထွက်သောစကား များတိုသည် မှားယွင်းခြင်းမဖြစ်နိုင်လေဟန်ပြောဆိုသောကြောင့်အမြင့်ဆုံးသောဘုရားကိုဆန့်ကျင်ဘက်ပြု၍၊ကြီးစွာသောစကားကို ပြောလိမ့်မည်။အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသူတို့ကိုညှဉ်းဆဲနှိပ်စက်လိမ့်မည်။ကာလအချိန်နှင့်ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါကြံစည်လိမ့်မည်။တကာလ၊ နှစ်ကာလ၊ ကာလတဝက်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ဒံယေလအနာဂတ္တိကျမ်း ၇း၂၅ပုပ်ရမင်းကြီးဘာသာ သာသနည်း သန်ရှင်းသောသူများ၏ အသွေနှင်ယဇ်မူးခဲ့လေးပြီ။ လူပေါင်း ၇၀၀၀၀၀၀၀ ကျော် သတ်ဖျတ်ခဲ့သည်အသစ်ပြုခြင်းအမှုပြီမြောက်သည်နောက် ဘာဆက်ဖြစ်ဦးမည်သနည်း ကောင်းကင်အောက်၌ နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်ဆုံးသောဘုရား၏ သန့်ရှင်းသော အမျိုးသားတို့သည် ရကြလိမ့်မည်။ ထိုဘုရားသခင်၏ နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ ကျွန်ခံရကြလိမ့်မည်။ဒံလေအနာဂတ္တိကျမ်း ၇း၂၇